( UNICODE Version )
( February-14 )
ဆောင်းမနက်ခင်းရဲ့ နှင်းမှုန်တွေကြားက လှုပ်ရှားမှုပုံရိပ်တစ်ချို့ဟာ လှုပ်လီလှုပ်လဲ့ဖြင့်။ရံဖန်ရံခါဆို သိပ့်သည်းသောနှင်းမြူတွေကြားကနေ တိုးထွက်လာကြသည့် မီးရထားတွေသည် လှနေသလို..။
ဘူတာရုံထဲက ခုံတန်းရှည်တွင် မိုးသောက်ယံကတည်းလာထိုင်စောင့်နေသူသည် အေးလွန်းသောဒဏ်ကိုအံတုဖို့ ဒူးအထိရှည်သည့်အနွေးအင်္ကျီထူထူနှင့်အနွေးလက်အိတ်လေးတောင်ဝတ်ထားသေးသည်။
နှင်းမှုန်တွေကြားက ထိုပုံရိပ်လေးဟာ သိပ်ချစ်စရာကောင်းတယ်..။
နားထဲမှာ ထပ်ခါထပ်ခါကြားနေရတဲ့ဥဩဆွဲသံတွေက နှလုံးသားကို မြန်မြန်ခုန်စေသည်။
တရွေ့ရွေ့နီးကပ်လာသော အချိန်တွေရဲ့နောက်မှာ တစ်ဖဲ့စီတိုက်စားခံလာရတဲ့ရင်ခုန်သံတွေဟာ ပို၍ညံရသည်။ချစ်ရတဲ့လူကို ပထမဆုံးအပြင်မှာတွေ့ရမည်ဆိုတော့ ရင်ခုန်ပါသည်။အတိုင်းထက်အလွန်ပါပဲ။ဘဝမှာ ပထမဆုံးရင်ခုန်ဖူးတဲ့လူနဲ့တွေ့ရတော့မှာကို စိတ်မလှုပ်ရှားတဲ့လူရှိပါ့မလား။
အနီးဝန်းကျင်က စကားပြောနေသံတွေ၊လှုပ်ရှားသွားလာနေကြသံတွေကို နားစွင့်နေမိရင်း ရင်ခုန်နှုန်းသည်လည်းတငြိမ့်ငြိမ်ပါပဲ။အကြောင်းပြချက်မရှိ ခြေထောက်တွေကိုငုံကြည့်နေမိတာက ရင်ခုန်နေလို့ဖြစ်မယ်...။
* ကိုကို.. *
* အွန်း။ *
လေလှိုင်းထဲမှတစ်ဆင့် နားစည်ဝကိုရိုက်ခတ်လာသောအသံသည် ခပ်ချွဲချွဲလေး။သူ့ကောင်လေးက အငယ်ပြီပြီ.. ဘာလေးပဲဖြစ်ဖြစ်ချွဲပြလိုက်ရမှ။
သူ၏နှုတ်ခမ်းလွှာတွေမှာ ဣန္ဒြေမဲ့စွာပြုံးမိသွားလျှက် နောက်ဆက်တွဲကြားလာရမည့်စကားသံကိုစောင့်ဆိုင်းသည်။ဒီကောင်လေးကို တကယ်ချစ်သည်။
* မောင်ရောက်တော့မယ်သိလား..ရထားကမြို့ထဲကို ဝင်နေပြီ *
ဒုတိယံမိနှုတ်ခမ်းတွေမှာ ပြုံးရပြန်သည်။သိပ်မကြာခင်မှာ သူတို့ လူချင်းတွေ့ရတော့မည်။