Fan Boy

472 36 7
                                    

( UNICIDE Version )

( Fan boy JEON )

ကျွန်တော်တို့ဘဝမှာ အချစ်ဆိုတာကြီးကို ကျွန်တော်တို့အားလုံး ငေးကြည့်ရုံလေးသာ တတ်နိုင်ခဲ့ကြတယ်။တစ်ခါတစ်ရံ အချစ်ဟာ ငေးကြည့်ရုံမျှဖြင့်...။အဲ့သည်ထက် မစွမ်းသာနိုင်ခဲ့ကြဘူး။ကျွန်တော်အတွက်တော့ အချစ်ကထိုမျှသာ ရူးနှမ်းခွင့်ရခဲ့တာမျိုး။

ကျွန်တော်ချစ်တဲ့ ခင်ဗျားက
ကျွန်တော့်ကိုပြန်ပြီး ချစ်ပေးရင်
သိပ်ကောင်းမှာပဲ...။

* * * * * * * * * * * * *

ဖြူလွှလွှနှစ်ယောက်အိပ်မွေ့ယာကြီးထက်၌ နှစ်ခြိုက်စွာအိပ်မောကျနေသူသည် တော်ရုံနဲ့နိုးလာဦးမယ်မထင်။ကြမ်းပြင်ထက် ချခင်းရုံခင်းထားသည့်မွေ့ယာဘေးတွင်တော့ ချွတ်ထားသည့်တီရှပ်တစ်ထည်ရှိနေသေးသည်။

အခန်းထောင့်တွင် ထောင်ထားလျက်္သားမြင်ရမယ့်ဆွဲလက်စပန်းချီကားတစ်ချပ်က ခမ်းနားလွန်း၏။အဲ့သည်အပြင် ရောင်စုံဆေးဗူးတစ်ချို့နဲ့အရွယ်အစားမတူညီသောစုတ်တံတစ်ချို့မှာ ကြမ်းခင်းထက်၌ပြန့်ကြဲလျှက်ရှိသည်။

ပန်းချီကားချပ်တွေအပြင်မည်သည့်အသုံးအဆောင်မျှသိပ်မရှိသည့်အခန်းဟာ အခန်းပိုင်ရှင်လိုပင် ရိုးရှင်းလွန်းသည်။အခန်းပိုင်ရှင်သည် တက်သစ်စပန်းချီဆရာတစ်ယောက်ဆိုပေမယ့် လတ်တလောတွင်တော့ နာမည်လေးရနေတဲ့အမျိုးသားတစ်ဦးပါ။

သူရေးဆွဲသမျှပန်းချီတွေတိုင်းသည် လူတစ်ယောက်တည်းကိုသာ ရည်ညွှန်းထားခဲ့သည်။ပန်းချီဆွဲရခြင်းရည်ရွယ်ကလည်း ထိုလူအတွက်ဖြစ်ပြီး ပန်းချီဆရာဖြစ်လာရခြင်းအကြောင်းပြချက်ကလည်း ထိုလူပဲဖြစ်နေခဲ့သည်။

ပြောရရင်။Idolတစ်ယောက်ကိုမှ ကြိုက်နေမိတဲ့Fanboyတစ်ယောက်ဟာ ပန်းချီဆရာအဖြစ်သိူ့ကူးပြောင်းလာခြင်း...!အဲ့သလိုပဲပေါ့။
ဤသို့ဖြင့် ပတ်ခ်ဂျီမင်းမှသည် ဂျွန်ဂျီမင်းအဖြစ်သို့ကူးပြောင်းနိုင်ရန် ပန်းချီဆရာတို့ဉာဏ်များရပေတော့မည်။

* * * * * * * * * * * * * * *

ကမ္ဘာကျော်အဆိုတော်တစ်ယောက်ကိုမှ ရူးရူးမူးမူးချစ်နေမိတော့ ချစ်ရတဲ့ မျက်နှာလေးကိုဘယ်လိုနည်းနဲ့တွေ့ရမလဲ..?၊လူချင်းဘယ်လိုပြေးတွေ့ရမလဲပဲ သူ့ခေါင်းထဲအမြဲရှိခဲ့တယ်။ထို့ကြောင့်Fan Meetingတိုင်းသူတက်ဖြစ်သလို၊ချစ်ရသူလေဆိပ်ဆင်းတိုင်းလည်း သူလိုက်တွေ့တတ်တယ်။

(OS Collection)Where stories live. Discover now