လူ့ညာဉ်မှာ အကျင့်ဆိုးတခု ရှိတတ်ကြတယ်မလား..။
ငါ ဒါကိုတော့ စွဲနေပြီထင်ရဲ့ ဆိုတာနဲ့ အလိုအလျောက် ထပ်ခါတလဲလဲ ပြုကိုပြုမိနေတာ။
ဒီလူကို သဘောကျမိနေပြီလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်သံသယဝင်မိလိုက်တာနဲ့ ခေါင်းထဲမှာ ဒီလူပဲ တောက်လျှောက်ဝင်ပြီး စီးဆင်းနေတာ။မင်းတို့ သိတယ်မလား။
အဲဒါကပဲ နေ့နေ့ညည ဒုက္ခပေးတော့တာပဲ။----------
မနက်မနက်ဆို Matthew Hyungရဲ့ ရုံးသွားချိန်ဟာ သူ့ရဲ့ကျောင်းသွားချိန်နဲ့ မတိုးမယိမ်းမို့ မိနစ်နည်းနည်းအစွန်းခံပြီး စောင့်မိတတ်လာတယ်။
အချိန်က ကွက်တိကျနေတာရယ်လို့တော့ မဟုတ်ဘူးပေါ့။
အဲဒီလိုနဲ့ ကပ်တိုးကလေးနောက်ကျလာရင်း၊ မိနစ်နည်းနည်းစီတိုးပြီး ဆက်လွဲနေရင်း ကျောင်းကိုရောက်တဲ့ ဘတ်စ်ကိုလည်း လွတ်လာတယ်။ လမ်းသွားလမ်းလာတယောက်ယောက်ရဲ့ သုံးဘီးဆိုင်ကယ်မျိုးနဲ့ လမ်းကြုံပြီးတွေ့မှ ကျောင်းအမြန်ရောက်တာမျိုး ရက်နည်းနည်းစိပ်လာတယ်။ နှစ်ပတ်လောက် ဒီလိုဖြစ်လာတော့ ဂယူဗင်းက သူ့ကို ပေစောင်းစောင်းနဲ့ ကြည့်လာပြီပဲ။"မနက်တိုင်း ဘာတွေလုပ်နေလို့ အရင်ထက် နောက်ကျနေတာလဲ .. သိပ်မရိုးဘူး ပါ့ခ်ဂွန်းဝု .. မင်း ရည်းစားရနေတာလား"
ဂွန်းဝုက တခိခိနဲ့ ရယ်ပါတယ်။
"ဟင် .. မရပါဘူး ..ဂယူရာ .. ဒါပေမဲ့လည်း ရရင်လည်း ရမှာပေါ့ မသိပါဘူး ဟဲဟဲ"
ဂွန်းဝုရဲ့ဝေ့လည်ကြောင်ပတ်စကားတွေစကားတွေနဲ့ အကြောင်းပြချက်မရှိရယ်နေတာတွေကို ဂယူဗင်းက သည်းမခံနိုင်တော့တဲ့အတွက် ဂွန်းဝုရဲ့ဆန့်ကျင်ဖက်ကို ခေါင်းလှည့်ပြီး ခုံပေါ်မှောက်အိပ်လိုက်ပါတယ်။ မယုံဘူးဆိုပြီး ထပ်မေးရင်လည်း တိကျတဲ့အဖြေရလာနိုင်ခြေမရှိတော့ သူအဖြူဆို ကိုယ်အဖြူ၊ အမည်းဆို လိုက်မည်းပေးရုံပေါ့။
----------
'ဘာလဲ ဒါက'
ရုံးဆင်းခါနီး မက်သရူးကို မန်နေဂျာခိုင်းလိုက်လို့ အပြင်ကိုခဏသွားပြီး ပြန်ရောက်တဲ့အချိန်မှာ Vitamin C ငုံဆေးကလေးတလုံးက သူ့အလုပ်စားပွဲပေါ်က မြင်သာတဲ့နေရာမှာ။
YOU ARE READING
IF YOU ARE SURE, I WILL!
Short Storyသူငယ်ချင်းအတွက် GunThew တပုဒ်လောက် surpriseလုပ်ပေးချင်ပြီး ရေးထားတာမလို့ ဒီ fanficက မြခက်ဆိုတဲ့ ကလောင်နာမည်အောက်မှာ မရှိပါဘူး။ ဒီအတိုင်း နာမည်Anny ပါ။ နှင်းဆီမတွေတော့ လမ်းကြုံလို့ ဝင်ဖတ်ချင်ရင်လည်း ရပါတယ်။