"ခြံရှေ့မှာ ဘေးအိမ်က ကလေး ရောက်နေတယ် .. သား"
ဆိုတဲ့အဖေ့စကားကြောင့် ရေချိုးပြီးကာစ ဂွန်းဝုတယောက် အဝတ်အစားကိုမြန်မြန်လဲရတယ်။ လက်လည်း နည်းနည်းတုန်နေတယ်။ ရင်လည်း နည်းနည်းတုန်နေပါတယ်။
"hyung .. ဘာကိစ္စရှိတာ"
ချက်ချင်းမဖြေဘဲ မက်သရူးက ငြိမ်နေပါတယ်။ အပြာနုနုရှပ်လက်ရှည်က လေအဝှေ့မှာ တဖျတ်ဖျတ်လှုပ်ခါသွားတတ်တာကလွဲရင် တကိုယ်လုံးက မိနစ်လေးနည်းနည်းကြာတဲ့အထိ ငြိမ်သက်နေတုန်း။
"hyung အိမ်ထဲဝင်-"
"မြစ်ခွဲရဲ့ဘေးမှာ စက်ဘီးစီးလို့ကောင်းတဲ့လမ်းတခုရှိတယ်လို့ ပြောကြတယ်.. ငါ အဲ့မှာစက်ဘီးစီးချင်လို့ လမ်းသိတဲ့မင်းက လိုက်ခဲ့ပေးပါလား"
ဘာကြားနေရတာ??
ဘယ်လမ်းကို ??ဂွန်းဝုတယောက် ခုလေးတင် ရေချိုးပြီးတာတောင် မလန်းဆန်းရကောင်းလားဆိုပြီး ကိုယ့်ပါးကိုယ် ခပ်ဆတ်ဆတ်ကလေး သုံးလေးချက်လောက်ရိုက်လိုက်တော့ မက်သရူးက ကြောင်တောင်တောင်အကြည့်တစုံပေးလာတယ်။
အိပ်မက်မဟုတ်တာသေချာမှတော့ ပါ့ခ်ဂွန်းဝုတို့ ပြုံးတာပေါ့။ သူ့ကိုယ်သူ ခြေလှမ်းစောလှပြီထင်နေပေမဲ့ မက်သရူးက ပိုပြီး မြန်မြန်ဆန်ဆန်လှမ်းလာတာပဲ။
"အိမ်ထဲ ခဏဝင်ဦး hyung"
ခြံနောက်ကို ပြန်သွားပြီးပေါင်းနှုတ်နေတဲ့ ဂွန်းဝုအဖေကိုတွေ့တော့ ထပ်ပြီး နှုတ်ဆက်ရကောင်းနိုးနိုး။ ဒီဖက်လှည့်လာရင်တော့ နှုတ်ဆက်မယ်လို့ပဲ တွေးထားလိုက်တယ်။ ဒီနေ့မှ မကောင်းတဲ့စိတ်အတွေးနဲ့ ရောက်လာသူမို့ မျက်နှာပူစွာနဲ့ပဲ နှုတ်ဆိတ်နေမိတယ်။
ဂွန်းဝုက အိမ်နောက်ဖေးသွားပြီး သူ့အဖေဆီ ခွင့်သွားတောင်းပါတယ်။
"Appa .. ကျွန်တော် hyungနဲ့အပြင်ခဏသွားမယ်နော်"
"ဟေ .. အေး .. အပြန်ကျရင် ဈေးဝင်ဝယ်ခဲ့ပေး"
"မေ့မှာသေချာတယ်.. နောက်မှဝယ်ပေးမယ်"
"ခုထွက်သွားကွာ .. မင်းပြန်မလာနဲ့"
သားအဖနှစ်ယောက်ရယ်နေတာကြည့်ပြီး မက်သရူးပါလိုက်ပြုံးမိတယ်။ ဒီအိမ်က တကယ်ကို နေပျော်စရာပဲဆိုပြီး ဘယ်နှမှတ်မြောက်မှန်းမသိတော့တဲ့ အမှတ်ကို ထပ်ပေးမိပြန်တယ်။
YOU ARE READING
IF YOU ARE SURE, I WILL!
Short Storyသူငယ်ချင်းအတွက် GunThew တပုဒ်လောက် surpriseလုပ်ပေးချင်ပြီး ရေးထားတာမလို့ ဒီ fanficက မြခက်ဆိုတဲ့ ကလောင်နာမည်အောက်မှာ မရှိပါဘူး။ ဒီအတိုင်း နာမည်Anny ပါ။ နှင်းဆီမတွေတော့ လမ်းကြုံလို့ ဝင်ဖတ်ချင်ရင်လည်း ရပါတယ်။