လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့သောက်ပေါက်ကရကိစ္စတွေထဲမှာ ကိုယ့်ထမင်းကိုယ်စားပြီး သူများသားသမီးကို ချစ်ကြိုက်မိရတဲ့ကိစ္စမျိုးက အဆိုးဆုံးပဲ။
မက်သရူး တဖြစ်လဲ ဆော့ဝူဟျွန်းတယောက် ဒီနေ့တော့ အလုပ်ကပြန်ရောက်တာနဲ့ ရေမိုးချိုး၊ ညစာပြင်ဆင်ပြီးတော့ တရေးလောက်အိပ်လိုက်သေးတယ်။ မနက်ဖြန်ရုံးပိတ်တာမို့ ဒီနေ့ညမှာ အိပ်ချိန်မမှန်လည်း ဖြစ်ပါတယ်လို့ ဖြေတွေးတွေးရင်း ပြတင်းဘောင်ပေါ် တက်ထိုင်နေလိုက်တယ်။ သူ့လက်ထဲမှာလည်း ဘီယာကလေးတဘူးပါလာတယ်။ ဒီနေ့ အေးအေးဆေးဆေးကို အနားယူမှာပါ။ အခုတလော အရင်ကထက် အလုပ်ပိုလုပ်ရတယ်။
ညတဖြည်းဖြည်းနက်လာတော့ မြို့ကလေးက တိတ်ဆိတ်သွားတယ်။ နယ်မြို့သေးသေးလေးတွေဆိုတာ နေဝင်ပြီးရင် တမြို့လုံးအတိုင်းအတာနဲ့ စောစောစီးစီး ငြိမ်သက်သွားတတ်တဲ့အမျိုးပဲ။
ပြတင်းဘောင်မှာထိုင်၊ ပြတင်းဘောင်ကိုပဲ မှီပြီး ဘေးခြံကိုလှမ်းကြည့်နေမိပါတယ်။
မက်သရူးရဲ့ အသက် (၂၅)ဆိုတာ ဟာသ မဟုတ်ဘူး။
အသက် (၁၈)လောက်ပဲရှိတဲ့ ဘေးခြံကကောင်လေးရဲ့ကြောင်တောင်တောင်အထာပေးမှုတွေကို စိတ်ဝင်စားမိနေတယ်ဆိုတာလည်း ဟာသမဟုတ်တော့ဘူး။ "ငါတော့ သွားပြီပဲ"ဆိုတဲ့ အော်သံနက်ကြီးကို ကိုယ့်ခေါင်းထဲကနေ ကိုယ်ပြန်ကြားနေရတယ်။အသက်ငယ်ငယ်လေးနဲ့ ပွေပွေရှုပ်ရှုပ်ကိုရီးယားကောင်လေး ဆော့ဝူဟျွန်းက ကနေဒါရဲ့ အရင်နှစ်တွေမှာကျန်ခဲ့ပြီး အချစ်အကြောင်းစိတ်မဝင်စားတော့တဲ့ နိုင်ငံခြားသားလူ့ဂွစာ မက်သရူးအနေနဲ့ ကိုရီးယားကိုရောက်လာတော့ ဘဝကဇောက်ထိုးမောင်းနင်းဖြစ်ကုန်တယ်။
သာမန်ဝင်ငွေရတဲ့အလုပ်တခုလောက်ပဲ လုပ်ပြီး တယောက်တည်းနေမယ်ဆိုတဲ့စိတ်ကူးကို သူ့မိဘတွေကလည်း အေးအေးဆေးဆေးပဲခွင့်ပြုတယ်။ ခွင့်မပြုလို့လည်း မရဘူးပဲ။ မက်သရူးက ခေါင်းမာပြီးတော့ ဘူးဆိုရင် ဖရုံမသီးတဲ့ လူစားမျိုးပဲ။
ဟိုကအလုပ်တွေအားလုံးကို ချန်ခဲ့တယ်။ အိမ်ကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ ထောက်ပံ့လို့ရအောင် လုပ်ခဲ့သေးတယ်။ တဦးတည်းသောအစ်မကို "အိမ်ထောင်မပြုနဲ့ အိမ်မှာပဲ အဖေတို့နဲ့နေပေးပါ"လို့ ဇွတ်အတင်း စသလိုနောက်သလိုနဲ့ ရာဇသံပေးခဲ့ပြီး အကုန်လုံးကို ဗန်ကူးဗားမှာ ချန်ထားခဲ့တာ။ တအိမ်လုံးရဲ့အချစ်ခံဆိုတော့လည်း နိုင်စားလို့ရသမျှ နိုင်စားပြီး လုပ်ချင်ရာလုပ်လာတာပါပဲ။
YOU ARE READING
IF YOU ARE SURE, I WILL!
Short Storyသူငယ်ချင်းအတွက် GunThew တပုဒ်လောက် surpriseလုပ်ပေးချင်ပြီး ရေးထားတာမလို့ ဒီ fanficက မြခက်ဆိုတဲ့ ကလောင်နာမည်အောက်မှာ မရှိပါဘူး။ ဒီအတိုင်း နာမည်Anny ပါ။ နှင်းဆီမတွေတော့ လမ်းကြုံလို့ ဝင်ဖတ်ချင်ရင်လည်း ရပါတယ်။