_𝘶𝘯𝘪𝘤𝘰𝘥𝘦
တွေ့၊ ကြုံ၊ ဆုံ၊ ကွဲ တဲ့...
လောကကြီးးရဲ့ သဘောသဘာဝအရ ရစ်ခီနဲ့ ထယ်ရယ် တွေ့ဆုံခဲ့ကြတယ်။ မထင်မှတ်ထားတဲ့ ပုံစံလေးနဲ့ ပြီးတော့ ရင်းနှီးခဲ့ပုံတွေဟာ ဟိုးအရင်က သိကျွမ်းခဲ့သလို...မနေ့က နေရာလေးမှာပဲ ထယ်ရယ် အကျအနခေါက်ထားတဲ့ ခေါက်ထီးအညိုလေးရဲ့ ပိုင်ရှင်ကို စောင့်နေမိသည်။ ရာသီဥတုဟာ မနေ့ကနဲ့ ကွဲပြားစွာ ကောင်းကင်ပြာဟာ ကြည်လင်လျက်...
ထယ်ရယ် ကောင်းကင်ပြာထပ် ရွေ့လျားနေတဲ့ တိမ်ဖြူဖြူလေးတွေကို ကြည့်ရင်ူ တစ်ချက်ပြုံးမိလိုက်သည်။ သိပ်မကြာခင် သူ့အနီးအနားမှာ ကပ်ရပ်လာလေတဲ့ ပြိုင်ကားအနီရဲရဲလေး...
မှန်တံခါးအားချကာ ကားအတွင်းမှ လူဟာ နေကာမျက်မှန်နဲ့ အဆုံးစွန် လိုက်ဖက်နေခြင်းပင်။
"အကို တစ်ခုခု သွားစားကြမလား??"
"အင်း ကိုယ်လည်း ဗိုက်ဆာ နေပြီဆိုတော့ မင်းကမ်းလှမ်းတာကို မငြင်းတော့ဘူးနော်"
ပြုံးစစနဲ့ ထယ်ရယ်ပြောလေတော့ ရစ်ခီကိုယ်တိုင်လည်း လိုက်ရယ်မိတော့သည်။
.
ကျောင်းနဲ့ မနီးမဝေးတွင်ရှိသည့် ကော်ဖီဆိုင်အဝါလေးသို့သာ ကားဟာ ဦးတည်လျက်...
"အကို... ဟိုမနီးမဝေးက ကော်ဖီဆိုင်ပဲသွားလိုက်မယ် ဖြစ်မလားဟင်?"
"ဖြစ်ပါတယ် ရစ်ခီရဲ့"
"ကျွန်တော်က ဒီကို ရောက်တာမကြာသေးတော့လေ လမ်းတွေ သိပ်မကျွမ်းသေးလို့"
ရစ်ခီ့အပြောကြောင့် ထယ်ရယ် စတွေ့တဲ့အချိန်ထဲက သတိထားမိနေတဲ့ အရာဟာ သေချာလုနီးပါးပင်မို့ မနေနိုင်စွာနဲ့ ထုတ်မေးမိလေသည်။
"ဒါဆို ရစ်ခီက ကိုရီးယားလူမျိုးမဟုတ်တာလား?"
"မဟုတ်ဘူးလေ ကိုယ်က တရုတ်လူမျိုး"
"ထင်တော့ထင်သားပဲ ကိုရီးယားမဟုတ်တာတော့ ကိုယ် သတိထားမိတယ်"
ထယ်ရယ်က ထိုသို့ပြောလေတော့ ရစ်ခီ ခပ်ဖွဖွရယ်မိသည်။
"ကိုယ့်ပုံစံကြောင့်ထင်တယ်"
"မဟုတ်ဘူး ရစ်ခီ အသံဝဲတာကြောင့်ရော ပြီးတော့ တစ်ချို့ ရစ်ခီပြောတဲ့ ကိုရီးယားစကားလုံးတွေက မမှန်တာကြောင့်ရော"
ВЫ ЧИТАЕТЕ
"အချစ်ဦး" [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Фанфикအသက်အားဖြင့် 10နှစ်ဝန်းကျင်မှာ ချွမ်ရွေ့တစ်ယောက် ဘဝရဲ့ စွဲလန်းမှုလေးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ ။