𝘗𝘢𝘳𝘵 - [3]

60 15 1
                                    

_𝘂𝗻𝗶𝗰𝗼𝗱𝗲

"နင်သိလား ဂီတမေဂျာကစီနီယာ ကင်မ်ထယ်ရယ်နဲ့ စီးပွါးရေးမေဂျာက ရှန်ရစ်ခီ တွဲသွားပြီဆိုတဲ့သတင်းလေ"
"မသိဘဲနေမလား ဒီလောက် နာမည်ကြီးနှစ်ယောက်တွဲသွားကြတာကို"
"မေဂျာမတူဘဲ အမြဲတတွဲတွဲ ဖြစ်နေတာအဲ့လိုကြောင့်နေမယ်နော်"

ရှေ့က ကျောင်းသူမလေး နှစ်ယောက်တီးတိုးပြောဆိုနေသံကို ထယ်ရယ်ကြားနေရပြီး နှုတ်ခမ်းလွှာလေးက တစ်ချက်တွန့်ကွေးသွားသည်။ အင်း ဂီတမေဂျာရဲ့ ပါးချိုင့်လေးနဲ့ စီနီယာဆိုပြီး နာမည်ကြီးတဲ့သူနဲ့.. စီးပွါးရေးမေဂျာက The whole king ရှန်ရစ်ခီတို့ရဲ့ သတင်းဟာ မသိသူမရှိ။ မေဂျာမတူသည့် သူတို့နှစ်ဦးဟာ ကံကြမ္မာအလိုကျ တွေ့ဆုံခဲ့ခြင်းပါပင်။

.

- ပထမအကြိမ်ဆုံတွေ့ခဲ့ခြင်း -

ထယ်ရယ်တတိယနှစ်အစပိုင်းကာလတွင်ဖြစ်သည်။ ငှါးနေသည့်တိုက်ခန်းနဲ့ ကျောင်းဟာမနီးမဝေးသာ။ နောက်ပြီး ထယ်ရယ်ဟာ ထီးယူရမှာ သိပ်ပျင်းတဲ့သူပင်.. မိုးရွာသည့်နေ့များတွင်သူငယ်ချင်းနဲ့အတူ ပြန်လေ့ရှိပင်မဲ့ ဟုတ်တရက်ဆန်ဆန် ရည်းစားရသွားတဲ့ သူငယ်ချင်းဟာ ထိုနေ့မှ ဒိတ်တဲ့လေ။ မနက်ခင်းတွင် ကြည်လင်သာယာနေသောရာသီဥတုဟာ ညနေကျောင်းဆင်းချိန်တွင်တော့ အပြောင်းအလဲကြီးစွာ ရုတ်တရက်ရွာချလာသည့်မိုး။ သည်းထန်စွာရွာသွန်းနေသော မိုးစက်များအားကြည့်ရင်းကျောင်းဆိုင်တစပ်မိတ်အောက်တွင်ရပ်နေမိသည်။ ကျဆင်းလာသည့် ရေစက်လေးများအား လက်ဖဝါးဖြူအုအုလေးဖြင့် ခံယူဆော့ကစားရင်းပေါ့.....

ကံကြမ္မာဟာ ထိုအချိန်တွင် စတင်ခဲ့ပါသည်။ ။

ပုံမှန်ခြေလှမ်းများဖြင့် လမ်းလျှောက်လာပင်မဲ့ ထိုသူရဲ့ အရပ်အမောင်းနဲ့ ဆံနွယ် ငွေမျှင်ရောင်တို့ကြောင့် ထင်းထွက်နေဟန်။ အညိုဖျော့ရောင် ခေါက်ထီးအကွက်လေးနဲ့ ထိုလူဟာ သူ့အနား လျှောက်လှမ်းလာဟန်.... မဟုတ် ထယ်ရယ့်ရှေ့သို့ တကယ်ရောက်လာခြင်း။ ပြီးတော့ ထယ်ရယ့်မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ကာ...

"အစ်ကို... ထီးယူမလား?"
အနည်းငယ် ကြောင်သွားရသူမှာထယ်ရယ်။ ဘယ်သူမှန်းမသိတဲ့သူတစ်ယောက် ခုမှစတွေ့တဲ့သူထံမှ ထီယူမလားဆိုတဲ့ မေးခွန်းဟာ လူတိုင်း အတွက် အံ့ဩစရာဖြစ်နိုင်မည်ထင်။

"အချစ်ဦး" [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]Tempat cerita menjadi hidup. Temukan sekarang