𝘗𝘢𝘳𝘵 - [1]

207 25 2
                                    

- 𝘜𝘯𝘪𝘤𝘰𝘥𝘦 -

အသက်အားဖြင့် 10နှစ်ဝန်းကျင်မှာ ချွမ်ရွေ့တစ်ယောက် ဘဝရဲ့ စွဲလန်းမှုလေးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပါသည်။

🌊

တွေ့ဆုံပုံကလည်း ထူးဆန်းစွာ ကံကြမ္မာအလိုကျ တွေ့ဆုံခဲ့ရပုံပါပဲ.. ဖြူလွလွသဲသောင်ပြင်တွေ၊ ပြာလွင်လွင် ပင်လယ်ပြင်နဲ့ တိုးဖွဖွကြားနေရတဲ့ လှိုင်းပုတ်သံစဉ်တွေလို ထိုလူဟာ ချွမ်ရွေ့ဘဝထဲကို ပင်လယ်ငယ်လို စွဲလန်းရခြင်းတွေနဲ့အတူဝင်ရောက်လာခဲ့ပါရဲ့...

•တစ်ခုတည်းသော နွေရာသီ•

၁၆နှစ်အရွယ်ကလေးတစ်ယောက်အတွက် ပင်လယ်ကို ခရီးထွက်ရခြင်းက စိတ်လှုပ်ရှားမှုကို ပေးနိုင်ပါရဲ့..
ပထမဆုံးသောခရီးမဟုတ်ပင်မဲ့ ချွမ်ရွေ့ဘဝအတွက်အမှတ်ရဆုံးခရီးအနေနဲ့ဖြစ်နေမှာအသေအချာပင်။

ဂျယ်ဂျူတဲ့ ရှန်ဟိုင်း ပတ်ဝန်းကျင် အပတ်အလည်နေရာတွေသာရောက်ဖူးတဲ့ ချွမ်ရွေ့လေးအတွက် ကိုရီးယားမှာရှိတဲ့ ဂျယ်ဂျူဒိုဟာ ပင်လယ်လှလှလေးတည်တဲ့ မြို့လေးအဖြစ် ဆယ်နှစ်အရွယ် ကလေးလေးရဲ့ မှတ်ဉာဏ်ထဲတွင် မှတ်တမ်းတင်ထားမိတယ်။ မိဘတွေမပါတဲ့ သူငယ်ချင်းတွေနဲ့ နွေရာသီ အပျော်ခရီးစဉ်တစ်ခုဟာ ရှန်ချွမ်ရွေ့အတွက် များစွာသော စိတ်လှုပ်ရှားမှုလေးတွေနဲ့...

စားပွဲအသေးလေးထပ် မီးအိမ်လေးကို ပိတ်လိုက်သည်။
မနက်အစောနိုးဖို့ သူအနားယူဖို့ လိုလေပြီလေ။

အချိန်အားဖြင့် ငါးနာရီ။
နိုးစက်အကူအညီမပါပဲ ချွမ်ရွေ့ရဲ့ မျက်ဝန်းတွေဟာ ပွင့်လာခြင်းက ခရီးအတွက် ဘယ်လောက်စိတ်လှုပ်ရှားနေသလဲ သိသာစွာ။ အိပ်ရာထပ်မှထလိုက်ရင် နှုတ်ခမ်းပါးလေးဟာ ကွေးခနဲ။
ကြောင်မျက်ဝန်းလှလှလေးတွေ မှေးမှိတ်တဲ့အထိ သူပြုံးမိပါသည်။

'လေဆိပ်မှာတွင် ခြောက်နာရီဆုံမယ်' ဆိုတဲ့ ကျန်းဟောက်ရဲ့စကားသံတွေကြောင့် ချွမ်ရွေ့အမြန်ပြင်ဆင်ကာ လေဆိပ်သို့သာ....

.

လေယာဉ်ပေါ်တွင်ခနခန ပြုံးနေတဲ့ ချွမ်ရွေ့ကို ကြည့်ရင်း ကျန်းဟောက်တကယ်ကို အတွေးများရသည်။ ဒီကလေးနဲ့ သူအတူရှိလာတာ ကြာပြီဖြစ်သည်။ ခုလောက်ထိ ပြုံးရယ်နေတာမျိုး မတွေ့ဘူးပေ.. သေချာပြောရပါလျှင် ခရီးစဉ်ကြောင့်ဟုခေါင်းစဉ်တပ်၍ ရပေမည်။

"အချစ်ဦး" [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]Tahanan ng mga kuwento. Tumuklas ngayon