Chapter(4)﹐《Stupid Fox》

598 52 8
                                    

Unicode

အဖွဲ့ဝင်တွေရဲ့တစ်ဦးချင်းစီအချက်အလက်တွေကိုယာဥ်ပေါ်မှမဆင်းမှီကြီးကြပ်သူများထံတင်ပြရမည်ဖြစ်သည်။ ထို့ကြောင့်စောင့်နေဖို့ရန်အချိန်မရှိပေ။ လီစုန့်ရှင်းဘာတွေတွေးနေလဲဆိုတာသိနေသကဲ့သို့ ကုဝမ်ချန်ပြောလာခဲ့သည်။ " မင်းတို့နှစ်ယောက်အပြင် အဖွဲ့ထဲကိုပါချင်တဲ့တစ်ခြားတစ်ယောက်လဲရှိတယ် "

သူ့နောက်မှရေခဲတောင်ထက်ပိုအေးတဲ့အရှိန်အဝါတွေနဲ့လူငယ်တစ်ယောက်ထွက်လာခဲ့သည်။ ထိုသူ၏မျက်လုံးထဲမှအကြည့်များမှာသမုဒ္ဒရာရေနက်ပိုင်းရှိရေများကဲ့သို့ တွေဝေယိမ်းယိုင်ခြင်းမရှိ ၊ သူစကားပြောနေသည့်တလျှောက်မျက်နှာအမူအရာသည်လဲရေခဲမြစ်မှထုလုပ်ထားသကဲ့သို့အေးစက်နေလေသည်။ " ငါက လင်းနျန် ၊ စက်ပညာနဲ့ Starnet အပိုင်းတွေကိုကျွမ်းကျင်တယ် "

ချောမောပြီးတော့ဣန္ဒြေရတဲ့အပြင် အရှက်မဲ့လောက်အောင်ယုံကြည်ချက်ရှိတယ် ၊ လင်းနျန်မှာ စာအုပ်ထဲမှဖော်ပြချက်အတိုင်းအတိအကျပင်ဖြစ်သည်။ လီစုန့်ရှင်း ကုဝမ်ချန်နဲ့လင်းနျန်ကိုအံ့သြစွာဖြင့်ကြည့်လိုက်သည်။ " Wow.. တိုက်ဆိုင်လိုက်တာ "

လင်းနျန်ခေါင်းခါလိုက်ကာတိုတိုတုတ်တုတ်ပြန်ဖြေသည်။ " တိုက်ဆိုင်တာမဟုတ်ဘူး "

လီစုန့်ရှင်းတခြားသူများအား သူ့အကြောင်းလိုက်မေးနေတာကို သူ့ကွမ်တန်ကွန်ပျူတာမှတွေ့လိုက်သည်။ လင်းနျန်မှာသူ့ရဲ့စွမ်းရည်အပေါ်အလွန်ယုံကြည်ချက်ရှိသည် ၊ သို့သော်ဝင်ခွင့်စာမေးပွဲမှာ technology နဲ့အသိပညာရှိရုံဖြင့်အောင်နိုင်မည်မဟုတ်ကြောင်းသူသိသည် ၊ ထို့ကြောင့်လီစုန့်ရှင်းတို့အဖွဲ့အားပါဝင်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူထောင့်ကနေထွက်လာတဲ့အချိန်မှာပဲ လီစုန့်ရှင်းကတခြားသူနှစ်ယောက်နဲ့စကားပြောနေပြီကိုတွေ့လိုက်ရသည် ၊ ထို့ကြောင့်အဖွဲ့ထဲပါဝင်ဖို့ပြောရန် ကုဝမ်ချန်ဆီတိုက်ရိုက်သွားလိုက်ခြင်းဖြစ်သည်။

ကုဝမ်ချန်ကလင်းနျန်၏တောင်းဆိုမှုကိုအံ့သြမသွားတဲ့အပြင် သူကသဘောတကျပင်ပြန်ဖြေသည်။ " .... ဒါပေါ့ အဲ့တာကသူဖြစ်နေလို့လေ "〈 T/N - ဆျာကုပြောချင်တာက စုန့်စုန့်ကလုပ်နိုင်စွမ်းရှိတယ် အဲ့တာကြောင့်စုန့်စုန့်ကလင်းနျန်ကိုရှာတာကိုလင်းနျန်ကသိတာနဲ့ အဖွဲ့ထဲဝင်ဖို့လာတောင်းဆိုတာကိုမအံ့သြဘူးပေါ့ကွာ 〉

Harem ဝတ္ထုထဲကူးပြောင်းပြီးနောက် Straight အဖြစ်ဟန်ဆောင်နေရပြီ!Donde viven las historias. Descúbrelo ahora