မတ်လ18၊2020
အဲဒိနေ့တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးတဲ့နေ့အိမ်ပြန်ရတော့မှာဆိုတော့ အဆောင်မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအားလုံး မိဘတွေလာအကြိုတစ်မျှော်မျှော်နဲ့အလုပ်တွေရှုပ်နေကြသည်။
တစ်ချို့တွေကြတော့လည်း ဆရာတွေကိုကန်တော့သူကကန်တော့၊သူငယ်ချင်းအချင်းချင်းနှုတ်ဆက်ကြနဲ့ စာမေးပွဲပြီးလို့ပျော်ကြရသလို အနယ်နယ်အရပ်ရပ်ကလာကြတဲ့သူတွေဆိုတော့ စာမေးပွဲပြီးပြန်တွေ့ကြဖို့ဆိုတာမသေချာတော့ ဝမ်းလည်းဝမ်းနည်းရပြန်တယ်။ကျွန်မလည်းအပါအဝင်ဘဲပေါ့။
ဒီအချိန်တွေတုန်းကတော့ ကျောင်းသားဖြစ်တဲ့အလျောက် ကျောင်းစာတွေနဲ့အချိန်ပြည့်ကြိုးစားနေရတာပေါ့။
အထက်တန်းကျောင်းသားဘဝက ဘဝရဲ့တစ်ဆစ်ချိုး ဘဝကိုအဆုံးအဖြတ်ပေးတယ်လို့ မိဘတွေ၊ဆရာ၊ဆရာမတွေ ခနခနပြောကြတော့ ကြိုးစားသင်ယူခဲ့ရတာ ဒီနေ့က အထက်တန်းကျောင်းသားဘဝနောက်ဆုံးနေ့ပေါ့။
အထက်တန်းကျောင်းသားဘဝဆိုတာ အသက်အရွယ်အားဖြင့်15-16 ။
အဲဒိအချိန်တွေတုန်းကကျွန်မထင်ခဲ့ဘူးတယ်၊
လူတွေပြောကြတဲ့အချစ်ဆိုတဲ့အရာက အပိုတွေပါဘဲ ကျွန်မဘဝမှာရှိလာမှာမဟုတ်ဘူးပေါ့။ကျွန်မကဘဝက ငယ်ငယ်ကတည်းကဖြစ်ချင်ခဲ့တာ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့။ဖြစ်လာမလာကတော့ကြိုးစားမှုဆိုတဲ့ကိုယ့်ရဲ့တာဝန်ပြီးတော့ ကျန်တာကံတရားပေါ့။
လူတိုင်းလူတိုင်းမှာမတူညီတဲ့အိမ်မက်တွေရှိကြသလိုခံယူချက်ချင်းအမျိုးမျိုးကွဲပြားကြပါတယ်။
ဘဝဆိုတာကိုယ်ဖြစ်ချင်တာချည်းဖြစ်ခွင့်မရှိနိုင်တဲ့အတွက်အရမ်းကြီးမျှော်လင့်မထားရဲပါဘူး။မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ ဖြစ်လာမဲ့နာကျည်းဝမ်းနည်းမှုတွေကို လက်မခံချင်ပါ။
နောက်ပြီးကျွန်မဘဝရဲ့ရည်မှန်းချက်ကဘဝကိုပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ဖို့ပါဘဲ ။အဲဒိအချိန်တွေတုန်းက
ဘဝရဲ့အစီအစဉ်တွေထဲမှာ အချစ်ဆိုတဲ့အရာအတွက်နေရာမရှိနေခဲ့ဘူး။တွေးလည်းမတွေးကြည့်ခဲ့ဘူးပါ။ဒါပေမဲ့ အခုတော့ အဲဒိအချစ်ဆိုတဲ့အရာဟာ
နှလုံးသားထဲမှာလှပတဲ့အမှတ်တရအနေနဲ့ နေရာယူထားနိုင်ခဲ့ပြီ။
အချစ်-စိတ်ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့အရာ။
မဖိတ်ခေါ်ဘဲရောက်ရှိလာခဲ့သလို ပြန်လည်ထွက်ခွာသွားခြင်းလည်းမဟုတ် ကျွန်မဘဝရဲ့ နေ့ရက်တွေမှာလှပတဲ့နေ့ရက်လေးတွေကိုဖန်တီးပေးခဲ့တာ။ဘယ်သူသိနိုင်မှာလဲ မွေးရပ်ဇာတိမြေမှာ အချစ်ဦးကို တွေ့ဆုံခွင့်ရခဲမယ်ဆိုတာ။