Ch 2.5

629 24 0
                                    

【Chapter Extra:】

အချပ်ပို

ညအခါမှာ တောင်ပေါ်က လေအေးလေးတွေ တိုက်ခတ်လာပြီး အရူးလေး ချန်ကမ်းက ခြံထဲမှာ ရေချိုးနေလေသည်။ ရှောင်ကျင့်ရှန်က ချောင်းထဲက ရေခပ်ထားကာ သူ ‌ရေမချိုးခင် အပူပေးထားသည်။ အရူးလေးကနေပြီး ခရမ်းချဥ်သီးလေး အဖြစ် ပြောင်းသွားကာ သူ့ရဲ့ ဖြူဖွေးလုံးဝန်းနေတဲ့ ဖင်တုံးလေးတွေက ကျင့်ရှန် အ‌ရှေ့မှာ ဟိုဟိုသည်သည် ရမ်းနေလေသည်။

ချန်ကမ်းက ညလယ်ခေါင်ကြီး ဇီးသီးကောက်သွားချင်ပေမဲ့ ကျင့်ရှန်က သူ့ကို ကြက်ကလေးလိုမျိုး ပွေ့ချီကာ အိပ်ယာထဲ ထိုးထည့်လိုက်သည်။

ချန်ကမ်းက အတော်ကြာတာတောင် အိပ်မပျော်နိုင်သေးဘဲ ကျင့်ရှန်ကို ပုံပြင်ပြောပြဖို့ ပူဆာလိုက်သည်။

"အဲ့တာဆို ကိုယ် ... အဘွား မောင်ရုန် အကြောင်းပြောပြမယ်"

နာမည်ကိုကြားတာနဲ့ ဆံပင်မွှေးတွေပါ ထောင်သွားသည်။ အရူးလေးက သူ့ပါးစပ်ကို အုပ်လိုက်ကာ တိတ်တိတ်လေး နေလိုက်သည်။ သူက ကျင့်ရှန်ကို မျက်လုံးဝိုင်းကြီးတွေနဲ့ စိုက်ကြည့်လိုက်ပြီး ကျင့်ရှန် ဆက်ပြောတာကို စောင့်လိုက်သည်။

ကျင့်ရှန်က အရူးလေးကို လက်မောင်းတွေ ကြားထဲ ပွေ့ဖက်ထားပြီး အရူးလေးက ပိုပို မြတ်နိုးဖို့ကောင်းလာတယ်ဆိုပြီး တွေးနေလေသည်။

သူက လည်ချောင်းရှင်းလိုက်ပြီး အသံကို အနိမ့်ဆုံးထိ တိုးလိုက်သည်။ ပြတင်းပေါက်က တိုက်လာတဲ့ ညလေညှင်းကြောင့် တဲထဲမှာ ရုတ်တရက် အုံ့မှိုင်း အေးစက်လာလေသည်။

ပုံပြင်တွေထဲမှာ ကလေးတွေကို ဖမ်းပြီး စားသောက်ပစ်တဲ့ အဘွားမောင်ရုန်ဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိလေသည်။ သူမက ကြောင်ခေါင်းနဲ့ လူခန္ဓာကိုယ် ရှိပြီး သူမက ကလေးတွေကို လှည့်စားဖို့ အဘွားအိုကြီး တစ်ယောက်လို ဝတ်ဆင်ကာ သူတို့က အစာအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။ ကလေးက မလိမ္မာဘဲ ညသန်းခေါင်ကြီး ဇီးသီးကောက် သွားမယ်ဆိုရင် သူတို့က အဘွားမောင်ရုန် ဖမ်းပြီး ချုပ်ထားတာကို ခံရလိမ့်မည်။ နောက်ထပ် ဇီးသီးလည်း မကောက်နိုင်တော့ဘူး.... အသားလည်း စားလို့မရတော့ဘူး.....

အရူးလေးက ကြက်သီးတွေ ထလာသည်အထိ ကြောက်ရွံ့နေတော့သည်။ သူက အိပ်ယာခင်းကို ဆုပ်ကိုင်ထားကာ တွန့်ဆုတ်စွာ ပြောလိုက်သည်။

"အဲ့...အဲ့တာဆို ငါ အခုစပြီး လိမ္မာရင် အဘွား‌မောင်ရုန် လာဖမ်းတာ မခံရတော့ဘူးမလား.... ငါ အသားစားချင်သေးတယ်...."

"ကိုယ် ဒီမှာ ရှိတယ်လေ မကြောက်နဲ့"

ကျင့်ရှန် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"အခု လိမ်လိမ်မာမာနဲ့ အိပ်တော့ အဲ့တာဆို အဘွားမောင်ရုန် မလာတော့ဘူး"

အရူးလေးက အသည်းအသန် ခေါင်းညိတ်လိုက်ပေမဲ့ ကြောက်လွန်းလို့ တစ်ညလုံး မအိပ်နိုင်ဘဲ စောင်အောက်မှာ တုန်ယင်နေတော့သည်။

ကျင့်ရှန်က သူ့ကို ခြောက်လိုက်မိတာကို နောင်တရမိပြီး အပြင်ထွက် ကစားဖို့ ခေါ်လိုက်သည်။

အရူးလေးက ကျင့်ရှန်ကိုကြည့်လိုက်ပြီး မျက်လုံးတွေက ရုတ်တရက် နီရဲလာကာ တုန်ယင်နေကာ

"မနေ့ညက ငါ... ငါ မအိပ်လိုက်ဘူး။ ငါနောက်ထပ် မလိမ္မာတော့ဘူး အဲ့တာဆို အဘွားမောင်ရုန်က ငါ့ကို ဖမ်းခေါ်သွားမှာလား... ငါ အဖမ်းမခံချင်ဘူး။ငါ ကျင့်ရှန်နဲ့ မခွဲချင်ဘူး"

ရှောင်ကျင့်ရှန်က နောင်တရပြီး စိတ်ဖိစီးသွားသည်။ သူက ကုန်းကာ သူ့ရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး

"မကောင်းတဲ့သူက ကိုယ်ပါ။ ကိုယ် နောက်တစ်ကြိမ် မင်းကို မခြောက်တော့ပါဘူး"

ရှောင်ကျင့်ရှန်က ဒီအရူးလေးဆီမှာ လုံးဝကို ကျရှုံးသွားလေပြီ။ အရပ်ခုနှစ်ပေ ယောကျာ်းကြီးက အရူးလေးပြောလိုက်တာကြောင့် စိတ်မကောင်းဖြစ်နေလေရဲ့။

"ယောကျာ်း မင်းကို ဘယ်တော့မှ မခြောက်တော့ဘူးလို့ ကတိပေးမယ်။ ကိုယ်တို့ ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မခွဲတော့ဘူး"

"တကယ်လား"

အရူးလေး နှာရှုံ့လိုက်သည်။

"တကယ်"

"အဲ့တာဆို ဒီည ငါ ငါးပေါင်းစားချင်တယ်"

အရူးလေးက အခြေအနေကို အခွင့်ကောင်းယူလိုက်ကာ သူ ငါးအကြောင်းပြောတော့ မျက်လုံးတွေက တောက်ပနေလေသည်။

"ဟုတ်ပြီ"

အရူးလေးက အမြဲ ရူးနေတယ်လို့ ဘယ်သူပြောလဲ။ သူက သိသိသာသာကြီးကို ရူးမနေပါဘူးနော်။

အရူးလေးWhere stories live. Discover now