ရှောင်ကျင့်ရှန်ရဲ့ နေ့စဥ်ဘဝ
လယ်သမားတစ်ယောက်ဖြစ်တဲ့ အိမ်ထောင်ဦးစီး ရှောင်ကျင့်ရှန်ရဲ့ နေ့စဥ်ဘဝက အိပ်ရာထတာကနေ အစပြုသည်။
အရူးလေးကို နမ်း, ဆေးကြောပြီး ထင်းခုတ်
အရူးလေးကို နမ် ပြီး မီးမွှေးချက်ပြုတ်
အရူးလေးကို နမ်းပြီး တောင်ပေါ်တက် အမဲလိုက်
အရူးလေးကို နမ်းပြီး ညစာပြင်
အရူးလေးကို နမ်းပြီး ကုတင်ပေါ်မှာ အတူတူ လူးလိမ့်
တနေကုန် အလုပ်များပြီးနောက် ရှောင်ကျင့်ရှန်က အသီးအရွက်အချို့ ဒါမှမဟုတ် တောကြက်တစ်ကောင် လက်ထဲမှာကိုင်ကာ ပြန်လာပြီး ချန်ကမ်းအတွက် ဘယ်လိုအရသာရှိတဲ့ ဟင်းမျိုးချက်ပေးရမလဲ တွေးနေတတ်သည်။သူ့အရူးလေးက ပိုပို လိမ္မာလာတယ်။ သူ ဇီးသီးကောက်မသွားရင် သူက စားပွဲတိုက်ပေးတာတို့ တံမြက်စည်းလှဲတာတို့ ကြက်တွေကိုအစာကျွေးတာတို့ စသည်ဖြင့် အိမ်အလုပ်ကို ကူပေးလေသည်။ သူက အရူးလေးဆိုပေမဲ့လည်း ပျင်းရိမနေပေ။
ချန်ကမ်း ညစာစားပြီးတာတဲ့ သူက ပန်းကန်ကူဆေးပေးကာ နှစ်ယောက်သား အိပ်ယာဝင်သည်။ ချန်ကမ်းပင်ပန်းနေတယ်ဆို သူတို့က ဖက်အိပ်ရုံပဲလုပ်ကြသည်။ ချန်ကမ်းတက်ကြွနေရင်တော့ သူက အရူးလေးနဲ့အတူ တစ်ညလုံး လူးလိမ့်ကြသည်။
သူတို့ မျက်နှာချင်းဆိုင်ဆက်ဆံတဲ့အခါကျရင် အရူးလေးက ခါးကျိုးမတက် လူးလိမ့်နေပေမဲ့ အနည်းငယ် လူးလိမ့်ပြီး နမ်းရှိုက်ကာ ဖြေးဖြေးချင်း အိပ်ပျော်သွားလေသည်။
ည အချိန်က တိတ်ဆိတ်နေသည်။
ရှောင်ကျင့်ရှန် သူ စစ်သည်ဘဝတုန်းက အချိန်ကို အမြဲမှတ်မိနေသည်။ သူနဲ့ သူ့ညီအစ်ကိုတွေက စစ်မြေပြင်ကိုသွားကာ ရန်သူကို သတ်ပြီး အလံလွှင့်ခဲ့ကြသည်။ သူက ငယ်ရွယ်နေပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ချင်ခဲ့သည်။ သူ့မျက်လုံးကို မှိတ်လိုက်တာနဲ့ စစ်မြေပြင်က သွေးနဲ့အသားနံ့တွေကို အမြဲရပြီး သူ့ဘေးက ညီအစ်ကိုတွေ တစ်ယောက်ယောက်ပြီး တစ်စစီ ကြေမွသွားတာကို ပြန်ပြင်ရသည်။ သူလည်းတစ်ခါ အခုတ်ခံရပြီး ဘယ်ဘက်ရင်ဘတ်ပွင့်ထွက်သွားသေးသည်။ သူ သေတော့မယ်လို့ ထင်ခဲ့လေသည်။ သူသာ အသက်ရှင်ခဲ့ပြီး ချန်ကမ်းလည်း ဆန္ဒရှိရင် သူတို့ လက်ထပ်မယ်လို့ တွေးလိုက်သည်။
ကံကောင်းစွာနဲ့ သူဆန္ဒပြည့်ခဲ့သည်။ တိုင်းပြည်ကလည်း အခြေကျသွားပြီး သူလည်း ထွက်ခွင့်ရကာ ရွာကိုပြန်လာခဲ့သည်။ အရူးလေးက သူ့ကို မှတ်မိပြီး သူ့ကို လက်ထပ်ချင်သေးသည်။
သူ ရှောက်ဟဲရွာကိုပြန်လာပြီး ချန်ကမ်းဘေးကိုပြန်လာခဲ့သည်။ ထင်း၊ ဆန်၊ ဆီ၊ဆား၊ ဆော့စ်၊ ရှာလကာရည်နဲ့၊ လက်ဖက်ရည်တွေပြည့်နေတဲ့ ပျင်းရိစရာကောင်းတဲ့နေ့ရက်တွေကလည်း ကောင်းတာပါပဲ။ သူ ကြိုက်တယ်။
YOU ARE READING
အရူးလေး
Short StoryAuthor(s) 小石南记 Description နွေးထွေးတဲ့ အသားတစ်ပုဒ်, သာမာန်ရိုးရိုးဘဝပါ ကြီးမားတဲ့ အပြောင်းအလဲ ဇာတ်ကြောင်း ရှိမှာ မဟုတ်ပါဘူး နေ့တိုင်း အသားစားတာနဲ့ ချိုမြိန်တဲ့ အကြောင်းအရာလေးပါပဲ အရူးလေးချန်ကမ်းရဲ့ သူ့ယောကျာ်း အလုပ်ခံရတဲ့ နေ့စဥ်ဘဝ သန်မာအားကြီးတဲ့ go...