"သိတယ်မလား ကလေးလေး"
"ဟင်~~"
8နှစ်အရွယ်ကလေးတစ်ယောက်ဟာ လူကြီးလေးပုံစံဖြင့် စကားဦးချီတော့ 5နှစ်အရွယ် ကလေးငယ်က နားမလည် အူလည်လည်ပုံစံလေးနှင့် မျက်ဝန်းတို့ဝိုင်းစက်သွား၏။
လမ်းသွားလမ်းလာ အများအပြားရှိသော်လည်း အုပ်ခုံအသေးလေးပေါ်တွင် ပူးကပ်ကာ ထိုင်နေကြသော ကလေးနှစ်ယောက်၏ကမ္ဘာငယ်လေးကိုတော့ မည်သူမျှ မနှောက်ယှက်ကြပါ။
"ကိုကို ပြောပြမယ် ကလေးဆိုတာ အခုလို တစ်ယောက်တည်း လျှောက်မသွားရဘူးကွ!သိရဲ့လား အဲလို လျှောက်သွားနေရင် လူဆိုးတွေက ဖမ်းသွားလိမ့်မယ် မကြောက်ဘူးလား?"
"ကြောက်..တယ်"
တုန်တုန်ယင်ယင် ဖြေသံလေးအဆုံး မတ်ချူးက သွားတန်းဖြူဖြူလေးတွေပေါ်အောင်သဘောတကျရယ်တော့ ဂွန်းနုမှာ ငေးခနဲ။
"ချစ်စရာလေး.."
ရှေ့ဆံပင်အတိနဲ့ ကလေးလေး၏ ဦးခေါင်းထက် ဆံနွယ်ပျော့ပျော့လေးတွေကို လက်သေးသေးလေးနဲ့ပွတ်ပေးကာ မတ်ချူးက ရေရွက်၏။
"မကြောက်နဲ့နော် ကိုကိုက ဂွန်းနုလေးကို ကာကွယ်ပေးမှာ သိလား!"
လက်သီးလက်မောင်းတန်းကာ မတ်ချုး ပြောတော့ တစ်ဖက်ကလေးငယ်က ပါးဖောင်းဖောင်းလေးတွေ မို့တက်အောင် ရယ်၍ ခေါင်းလေးငြိမ့်ပြရှာသည်။
"အမြဲလား..?"
မယုံသလိုလေး မေးပြန်တဲ့ဂွန်းနုဟာ ဘာတွေးမိသွားလဲ မတ်ချူးမသိလိုက်။
ခဏနေကမှ သဘောတကျ ပြုံးရယ်နေတဲ့ကလေးငယ်ဟာ ယခုမှာတော့ မျက်နှာတည်လေးနှင့်ဖြစ်သည်။"အွန်း..အမြဲပေါ့"
မတ်ချူးက ပြုံးပြုံးရယ်ရယ်နှင့်ပင် ကတိမဆိုသာသောကတိကို ဂွန်းနုထံသို့ပေးလာခဲ့သည်။
ပေါ့ပေါ့ပါးပါးနှင့်ပျော်ပျော်နေတတ်သည့်မတ်ချူးဟာ တစ်ချို့အရာတွေကိုတော့အလေးနက်ထားခဲ့သည်။
ထိုနည်းတူပင် ပတ်ခ်ဂွန်းနုမှာ မတ်ချူးနှင့်ပတ်သက်သည့်အရာမှန်သမျှကို အလေးအနက်ထားခဲ့ခြင်းကိုတော့ ဂွန်းနု အလယ်တန်းတက်ချိန်တွင် မတ်ချူးသိခဲ့ရလေသည်။