"ဒီနေ့ရော EX CHANGE မကြည့်တော့ဘူးလား?"
သူ ချထားပေးသည့် အသီးပန်ကန်ထဲမှ ပန်းသီးအစိတ်သေးသေးတစ်ခုယူလိုက်ကာ ကင်ခ်ထယ်ရယ်မှ မေးလာခြင်းဖြစ်သည်။
မတ်ချူး စာတမ်းတစ်ချို့ကြည့်နေရင်းမှ ထယ်ရယ့်အား လှည့်ကြည့်လိုက်မိ၏။
"ငါ ဒီတိုင်း ခဏဘဲကြည့်ဖြစ်တာပါ နောက်ပိုင်းတော့ ဆက်မကြည့်ဖြစ်တော့ဘူး.."
"မကြည့်ရဲတာလား?မကြည့်ချင်တော့တာလား?"
မေးခွန်းတို့ဆက်လာသည့် ထယ်ရယ်ကြောင့် မတ်ချူး မျက်ခုံးတန်းတို့ တွန့်ချိုးကာ သွား၏။
Ex Change..
ထို ပရိုဂရမ်တွင် ပါဝင်သူများသည် တစ်ချို့က အချစ်ဟောင်းနှင့်ပင် ရှေ့ဆက်ဖို့ရွေးချယ်ကြသလို တစ်ချို့ကတော့ လူသစ်နှင့်တွေ့နိုင်ကြသည်။
ဒါက သူတို့၏ လွတ်လပ်ခွင့်ဖြစ်ပေမယ့် နောက်ထပ်လူသစ်တစ်ယောက်အပေါ် သဘောကျလာသည့်ခံစားချက်ကို လက်မခံနိုင်တာကလဲ မတ်ချူး၏ လွတ်လပ်ခွင့်ဘဲဖြစ်လေသည်။
ဘာကြောင့်ဘဲဖြစ်ဖြစ် သူ့အနေဖြင့် တစ်ခြားတစ်ယောက်ကို အချိန်တိုလေးအတွင်း စိတ်မဖွင့်ပေးနိုင်ပါချေ။
ဒါဆို ပတ်ခ်ဂွန်းနုဘက်ကရော..သူနှင့်ဝေးကွာနေသည့်အခုလိုအချိန် သူ့ကို ရင်ထဲမှ အပြီးတိုင်ထုတ်ဖယ်ပစ်ကာ တစ်ခြားတစ်ယောက်အပေါ် ခံစားချက်တို့ ရှိလာနိုင်လား..။
အတွေးနှင့်တင် မျက်ခမ်းစပ်တို့ နီရဲလာတဲ့ မတ်ချူး..။
ချန်ထားရစ်ခဲ့သူဟာ သူမဟုတ်သလို တကယ် ပတ်ခ်ဂွန်းနုနှင့်မတွေ့ချင်..သူမဟုတ်သည့်တစ်ခြားတစ်ယောက်အပေါ် ခံစားချက်ရှိနေသည့် ပတ်ခ်ဂွန်းနုကို သူလုံးဝ လက်ခံနိုင်လိမ့်မည်မဟုတ်။အတ္တလို့လဲ ဆိုချင်ဆိုပါလေ..။
"ငါ့အကြောင်းကို အဲလောက်ထိ စပ်စုမနေနဲ့တော့!"
သူ့အကျင့်အတိုင်း နှခမ်းလေးထော်၍ ဟောက်လိုက်တော့ ထယ်ရယ်က ပါးချိုင့်တွေပေါ်အောင်ရယ်၏။
"မင်းကလဲ..ဒါလေးမေးတာကို မျက်နှာပျက်သွားလိုက်တာများ.."
ဆက်ပြောလျှင် သူ့အတွေးတွေရိပ်မိတော့မည်စိုး၍ မတ်ချူး ပန်းသီးစိတ်အကြီးကြီး တစ်ခု ယူလိုက်ကာ ထယ်ရယ့် နှခမ်းဝ တေ့ပေးလိုက်တော့သည်။