"ကျွန်တော့်အတွက် exဆီကစာရောက်လာတာက လုံးဝအကူအညီမဖြစ်ပါဘူး"
"မရသင့်တဲ့ Spam mailတစ်ခုကို ရလိုက်သလိုပါဘဲ ကျွန်တော့်အတွက်အနှောက်အယှက်ဖြစ်ပါတယ်.."
....
ပြတ်သားစွာတွန်းထုတ်ချင်နေတဲ့လူနှင့် အဆုံးထိ ကပ်တွယ်မိတဲ့လူ..။
ပြတ်သားခြင်းရဲ့နောက်ကွယ် နှလုံးသားတစ်ခုလုံး ပျက်စီးခံခဲ့ရကြောင်း ကာဃကံရှင်ကိုယ်တိုင်သာ ကောင်းကောင်းသိလိမ့်မည်။
"ဟျောင်း.."
အခုခေတ်ထနေသည့် Dating Show တစ်ခုဖြစ်သည့် Ex-Change S3အား အကြောင်းမဲ့ကြည့်မိပြီးနောက် သူ အတွေးများနေရာမှခေါ်သံတစ်ခုကြောင့် အတွေးတွေထဲမှရုန်းထွက်လာခဲ့သည်။
"ဟျောင်း!"
"ဟင် ဟင်..ဘာလဲ"
အိမ်မက်ထယောင်သူလိုပြန်ထူးလာသည့် မတ်ချူးဟျောင်းကြောင့် ယူဂျင်းနှခမ်းလေးဟာ ဆူထွက်လျက်။
"အဲဒီတော့ ဂွန်းနုဟျောင်းနဲ့ ဘယ်လိုဆက်ဖြစ်သွားလဲလို့! ဆက်ပြောလေ အခုက ဇာတ်ရှိန်တက်တုန်းဘဲရှိသေးတယ် ဟွန်း!"
မတ်ချူးမပီမသပြုံးမိလိုက်သည်။
အဲဒီလူကို မေ့ပစ်နိုင်ဖို့ အဆမတန်ကြိုးစားနေရတဲ့သူ့အတွက် အဲဒီလူအကြောင်းအား ဘာမှမဖြစ်သလိုထုတ်ပြောနိုင်ရန်ခက်ခဲလှသည်။
ကလေးသာရှိသေးသည့် ယူဂျင်းက ကိုယ့်ဆီက စကားနှိုက်ချင်နေဟန်မို့ မတ်ချူး မီးဖိုချောင်ဘက် အကြောင်းမဲ့ဝင်သွား၍ စကားလမ်းကြောင်းလွှဲလိုက်မိသည်။"ယူဂျင်းလေး ဘယ်တော့ ပြန်မှာလဲ?"
"ရောက်တာဖြင့်မကြာသေးဘူး ဟျောင်းကနှင်နေပြီ!ကနေဒါမှာ တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ ကျွန်တော်အဖော်လာလုပ်ပေးတာကို"
"မဟုတ်ရပါဘူး..ဟျောင်းက လက်ဆောင်ထည့်ပေးချင်လို့မေးတာပါကွာ..ပြီးတော့ ဟျောင်းတစ်ယောက်တည်းမဟုတ်ပါဘူး ကင်ခ်ထယ်ရယ်လဲ ဟျောင်းဆီ မကြာခဏ လာလည်တယ်လေ ယူဂျင်းနီး"
သူသေချာရှင်းပြမှ လက်ခံတဲ့ကောင်လေးက ယခုမှစိတ်အေးသွားဟန် သက်ပြင်းလေးပင်ချပါသေးသည်။