ကိုတင့်နှင့်စကားပြောခြင်း

19 2 0
                                    

ကိုတင့် ဘုရားတကယ်ရှိတယ်ထင်လား။

ကိုတင့်က ညတိုင်း ဘုရားတရားမှတ်တယ်။ တရားထိုင်တယ်။ ဒီတော့ ကိုတင့်အတွက် ဘုရားဆိုတာ ဘယ်ဟာဖြစ်မလဲ။

တကယ်တော့အဲ့ညက ကိုတင့်ရော ကျွန်တော်ရော မူးနေကြပါပြီ။

ဘုရားဟာတကယ်ရှိချင်မှရှိပါလိမ့်မယ်။ မရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကို့အတွက်ကတော့ ဘုရားရှိခြင်း၊မရှိခြင်းထက် အကို့စိတ်ကို တည်ငြိမ်မှုတခုရစေတယ်ဆိုရင် အကိုလုပ်ရတာတန်တယ်လို့မြင်တာပဲ။

ကျွန်တော့်အမြင်ကတမျိုးဗျ ကိုတင့်။
ဘာသာရေးတွေဟာ ကျွန်တော်တို့လူသားတွေပဲတည်ဆောက်ဖန်တီးခဲ့တဲ့အရာတခုလို့ပဲ မြင်တယ်။ ဘာသာရေးအစွန်းရောက်သမားတွေဟာ ဘာသာရေးဆိုတာမရှိရင် လူတွေဟာ ယုတ်မာရိုင်းစိုင်းသူတွေဖြစ်ကုန်လိမ့်မယ်လို့ ပြောကြတယ်။ အဲ့ဒါက မှန်နိုင်ပါတယ်။ အချိန်ကာလတခုအနေနှင့်ပေါ့။ တရားဥပဒေစိုးမိုးဖို့မတတ်နိုင်သောကာလများနှင့် ယဉ်ကျေးမှုကူးလူးဖို့ခက်ခဲတဲ့ရှေးယခင်ကာလတွေမှာ လူတွေကျင့်သုံးဖို့အတွက် ဥပဒေလိုပဲ အရေးပါတဲ့စည်းမျဉ်းစည်းကမ်းတွေလုပ်ပေးနိုင်တဲ့ ကိုယ်ကျင့်တရားစောင့်ထိန်းမှုတွေအတွက် ဘာသာရေးဆိုင်ရာအယူအဆတွေကို အတွေးအခေါ်တခုအနေနှင့် တည်ဆောက်ဖို့လိုပါလိမ့်မယ်။

ဒါပေမယ့် တရားဥပဒေစိုးမိုးလာနိုင်ရင်တော့ ဘာသာရေးတွေရဲ့အစွန်းရောက်မှုအပိုင်းတွေဟာ လူသားတွေတိုးတက်ဖို့အတွက် အနှောင့်အယှက်ဖြစ်နိုင်တယ်မထင်ဘူးလား။

ကိုတင့် -
ညီလေးပြောတာမှန်ပါတယ်။ ဒါပေမယ့် ရုပ်ဝတ္ထုအရမ်းဆန်သွားရင်တော့ ဘယ်လိုလုပ်ကြမလဲ။ လူတွေဟာ လူမဆန်ပဲ စက်ရုပ်ဆန်ကုန်ကြရင်ရော?

ကျွန်တော် -
လူတွေက တိရစ္ဆာန်တွေပါပဲ။ ဘာကွာခြားလဲပြန်စစ်ရင် ပိုအဆင့်မြင့်တဲ့ဦးနှောက်ပါလာရုံတခုပါပဲ။ ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတတ်ဖို့ကို ဘာသာရေးမရှိပဲ သင်ယူလို့မရနိုင်ဘူးလား။ ဘာသာရေးရှိမှပဲ ကိုယ်ချင်းစာဖို့၊ ချစ်ခြင်းမေတ္တာတွေတည်ဆောက်လို့ရမယ်ဆိုတာတော့ မမှန်နိုင်ဘူးထင်တာပဲ။ နော်ဝေးတို့လို့ ဘာသာရေးမထွန်းကားဖြစ်တော့တဲ့ နိုင်ငံတွေဆိုလည်း ငြိမ်းချမ်းနေတာပဲမဟုတ်လား။ သူတို့ဆို ထိပ်ဆုံးက ချမ်းသာတယ်လေ။

လွမ်းမောမိသော ရှန်းဗလားညများWhere stories live. Discover now