Ch. 1

1.6K 113 3
                                    

Unicode

အခုတလောစုနျန် တစ်​ယောက်ယောက် သူ့နောက်လိုက်နေသလို ခံစားနေရသည်။

ပတ်ပတ်လည်မှာရှိသမျှအကုန် မှောင်မည်းနေရင်း သူ့အပေါ်မှာပဲ အလင်းရောင်တောက်ပနေသလိုပါပဲ။ ဒီနက်နဲတဲ့လမ်းမှာ အဆုံးကိုမမြင်ရဘဲ စမ်းတဝါးဝါးသာ ဆက်လျှောက်နေခဲ့တယ်...

ဒါပေမဲ့ အမှောင်ထုထဲမှာ သူ့ရဲ့အပြုံးတိုင်းကို စောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံရှိတာကိုတော့ ရှင်းရှင်းလင်းလင်း ခံစားမိပါတယ်။

အလုပ်ဖိအားများတာလို့ ထင်ခဲ့ပေမဲ့ ဆေးရုံလည်း၃ခါသွားပြပြီး စိတ်ပညာဌာနကိုလည်း သွားခဲ့တာတောင် ဘာမှမထူးခြားလာခဲ့ပါဘူး။

ဆရာဝန်က သူစိတ်ရောကိုယ်ပါ ကျန်းမာပါတယ်လို့ ပြောခဲ့တယ်။

ဒါပေမဲ့ စုနျန်ရဲ့ခံစားချက်ကတော့ ပျောက်ကွယ်မသွားသေးဘူး။

သူ့စိတ်အခြေအနေကို ကုသဖို့ ကုမ္မဏီကနေ ၁လခွင့်တောင်းခဲ့သည်။

ကုမ္မဏီကလ​ည်း ခွင့်ပြုလိုက်ပြီး အခုတော့ သူအိမ်ပြန်လမ်းမှာပဲဖြစ်တယ်။

ဖုန်းကိုဖွင့်ကြည့်လိုက်တော့ မက်ဆေ့ဒ်ပေါင်းများစွာ, ကြည့်ရတာ အရင်ရက်ပိုင်းလောက်ကတည်းက စုနျန် ဒီလိုထူးဆန်းတဲ့စာတွေ နေ့တိုင်းနီးပါးရခဲ့ပြီး အားလုံးကလည်း အကြောင်းအရာ တူတူနီးပါးပါပဲ။

# မင်းကို၁၀နှစ်ကျော်ကြာ ကြိတ်ကြိုက်နေခဲ့တဲ့လူက မင်းရှေ့ပေါ်လာမယ်ဆိုရင် ဘယ်လိုနေမလဲ?

# မင်းကိုကြိတ်ကြိုက်နေတဲ့လူက ရုတ်တရက်ပေါ်လာရင် မင်းဘယ်လိုခံစားရမလဲ?

# မင်းကို ကြိတ်ကြိုက်နေတဲ့လူနဲ့ တွေ့ချင်ပါသလား?

အမည်မရှိ, နံပါတ်မရှိ, လေထဲကပေါ်လာတဲ့အတိုင်းပါပဲ။

စုနျန်စိတ်မရှည်စွာ တစ်ခုချင်းလိုက်ဖျက်ပေမဲ့ နောက်ဆုံးတစ်ခုမှာ သူ့လက်ရပ်တန့်သွားခဲ့သည်။

ထူးဆန်းတဲ့ အကြောင်းတစ်ခုခုကြောင့် စုနျန်နှိပ်လိုက်ပြီး "အမည်မသိစာပို့ရန် boxကိုနှိပ်ပါ" ဆိုတဲ့စာ ပေါ်လာခဲ့သည်။

Rose For You [Mm Translation]Where stories live. Discover now