Ch. 7 (End)

831 104 19
                                    

Unicode

လွန်ခဲ့သော တစ်လက။

"ရှန့်လီ မင်းဆုတောင်းရေတွင်းကို ကျော်ဖြတ်လာနိုင်ခဲ့ပြီ။ အခုမင်းမဖြည့်ဆည်းရသေးတဲ့ ဆန္ဒကိုဆုတောင်းလို့ရပြီပေမဲ့ တန်ရာတန်ကြေးတော့ ပေးရမယ်။ ဆုတောင်းမတောင်းက မင်းအပေါ်ပဲမူတည်တယ်"

အပလောကက တမန်တော်က ဗလာစာရွက်ပေးလိုက်သည်။

ရှေးခေတ်ကနေ လက်ရှိအချိန်အထိ လူအနည်းသာ ဆုတောင်းရေတွင်းဆီ ရောက်နိုင်ကြသည်ပင်။

အပလောကက တမန်တော်မှာ ဒီ18အရွယ်ကောင်လေးကို ရေတွင်းဆီလာရန် 11နှစ်ကြာ ကြိုးစားစေခဲ့တဲ့အရာက ဘာမှန်းမသိခဲ့။

တခြားလူသာဆိုရင် ပြန်ဝင်စားဖို့ရွေးပြီး ထွက်ပြေးသွားမှာပါပဲ။

အပလောကမှ တမန်တော်မှာ သူ့လောက် စိတ်ရှည်ပြီး ဇွဲကောင်းတဲ့လူမျိုး မတွေ့ဖူးခဲ့။

တုန်ရီနေတဲ့လက်တွေနဲ့ ရှန့်လီက စာရွက်ပေါ်မှာ သူဘယ်တော့မှ မမေ့နိုင်မဲ့စာလုံး နှစ်လုံးကို ရေးလိုက်သည်- စုနျန်

"ကျွန်တော့်ကို တစ်လအချိန်ပေးပါ။ ကျွန်တော်သူ့ကို တွေ့ချင်တယ်"

အပလောကမှ တမန်တော်က ရပ်တန့်သွားကာ "တစ်လ? ပေးဆပ်ရမှာက နည်းနည်းတော့များတယ်။ မင်းဝိညာဥ်7စလုံး ပေးရမှာနော်။ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပေမဲ့ တစ်လပြည့်တာနဲ့ ငါမင်းဝိညာဥ်ကို သိမ်းလိုက်မှာ။ အဲ့ဒါသာမရှိရင် မင်းပြာအဖြစ် ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်ဝင်စားနိုင်မှာ မဟုတ်တော့ဘူး။ မင်းသွားချင်တာ သေချာရဲ့လား?"

အပလောကမှ တမန်တော်က ကြိမ်တံကို ဝေ့ယမ်းလိုက်ကာ "တစ်လပြီးရင် ကမ္ဘာပေါ်ကအရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ ဒီလမှာ မင်းနဲ့ပတ်သက်တာမှန်သမျှ ဘယ်သူမှမှတ်မိမှာ မဟုတ်ဘူး။ အဆုံးမှာ မင်းဘာမှမရရင်တောင်၊ မင်းပျောက်ကွယ်သွားပြီး သူမင်းကိုမေ့သွားရင်တောင် မင်းဆက်သွားချင်တုန်းပဲလား?"

ရှန့်လီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"

*
ရှန့်လီ နောက်ဆုံးအကြိမ်အနေနဲ့ စုနျန်ကိုအိမ်ပြန်ပို့ခွင့်လေး အပလောကက တမန်တော်ဆီ တောင်းခံခဲ့သည်။

Rose For You [Mm Translation]Where stories live. Discover now