Ch. 2

493 72 2
                                    

Unicode

ရှန့်လီ စုနျန်အိမ်မှာနေတဲ့ တတိယရက်မှာ စုနျန်အပြင်သွားပြီး အပြန်လမ်းမှာ ဦးလေးကျိုးနဲ့တွေ့သည်။

စုနျန် ဦးလေးကျိုးနဲ့စကားပြောနေတုန်း ဦးလေးကျိုးက သူအရင်၃ရက်က ရှန့်လီကိုအပေါ် ခေါ်သွားပေးတဲ့အကြောင်း မမှတ်မိတာကို သိလိုက်ရသည်။

ရှန့်လီဆိုတာ ရှိမှန်းတောင် သူမသိပါဘူး။

စုနျန်စဉ်းစားကြည့်လေ ပိုထူးဆန်းပြီး ထိတ်လန့်မိလေပါပဲ။ ဒါအရင်၃ရက်လောက်က ဖြစ်ထားတာကို၊ မဟုတ်မှ ဦးလေးကျိုး လူရောသွားတာများလား?

ပြီးတော့ သူအစကရှန့်လီနဲ့ အပြင်ထွက်ဖို့ စီစဉ်ထားပေမဲ့ ရှန့်လီကငြင်းပြီး အိမ်မှာပဲနေခဲ့လိုက်သည်။

စုနျန်မျက်လုံးတွေ ပြောင်းလဲသွားပြီး ဦးလေးကျိုးကို အမြန်နှုတ်ဆက်ကာ အပေါ်တက်သွားသည်။

ရှန့်လီဘာလုပ်ချင်လဲဆိုတာ သူမြင်ချင်သေးတယ်။

စုနျန်တံခါးဖွင့်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။

လိုက်ကာတွေချထားတာကြောင့် အခန်းမှာအရင်ကထက် ပိုမှောင်နေသည်။ ဒါပေမဲ့ပရိဘောဂတွေက သပ်ရပ်ပြီး ကြမ်းပြင်လည်း သန့်ရှင်းနေကာ ဘာအနှောင့်အယှက် လက္ခဏာမှမရှိတာမို့ ရှန့်လီဘာမှခိုးဖို့ မကြိုးစားခဲ့ဘူးဆိုတာကို ဖော်ပြနေသည်။

ဆိုဖာနောက်မှ အသံရှူသံကြားရတာကြောင့် စုနျန်သတွေးမြိုချပြီး လျှောက်သွားလိုက်သည်။

"ရှန့်လီ?"

ဒီတစ်ခါမှာတော့ ရှန့်လီက မြေပြင်ပေါ်မှာ ဒူးပိုက်ကာထိုင်နေပြီး ဒူးခေါင်းအောက် ခေါင်းမြှုပ်ထားကာ ဆိုဖာကိုမှီနေလေသည်။

ရှန့်လီ မျက်လုံးမော့လာတာကို တွေ့တဲ့အချိန် စုနျန် အကြောင်းတစ်ခုခုကြောင့် အင်မတန်သနားမိလာသည်။

ရှန့်လီက အမြန်ထလာပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေနောက်က မျက်ဝန်းတစ်စုံက စုနျန်နဲ့ အကြည့်ချင်း ဆုံလာသည်။

"မင်းဘာလုပ်နေတာလဲ?"

ရှန့်လီက ဖြူဖျော့နေတဲ့မျက်နှာနဲ့ ပြုံးလာသည်။ "မင်းအိမ်ပြန်လာမှာကို စောင့်နေတာ"

Rose For You [Mm Translation]Where stories live. Discover now