(10)

4.6K 278 21
                                    

(Uni)

Canadaနိုင်ငံ Toronto သို့ သွားရမည့် အစည်းအဝေးမှာ Vooကို ပထမဆုံးအကြိမ် လူသားအသွင်နဲ့ ခေါ်ဆောင်လာခဲ့သည်။

အနက်ရောင် suit နဲ့ Blood ရဲ့ အရှိန်အဝါက တောက်ပနေသလို ကော်လံနဲ့ ဘောင်းဘီဖျားလေးတွေမှာ လှိုင်းတွန့်လေးတွေပါသည့် All black outfit လေးနဲ့ Vooကလည်း ဆွဲ‌ဆောင်အားအပြည့်။

Vooကို မြင်တော့ ပထမဆုံး တအံ့တဩဖြစ်ကြသူများက အိမ်တော်ရှိ Death ဂိုဏ်းသားများပင်ဖြစ်သည်။

အိမ်တော်ကအထွက် ကားပေါ်တက်လာသည့် အချိန်နှင့် Private Jetပေါ် တက်ခဲ့သည်အထိ တအံ့တဩဖြစ်နေကြသည်မှာ သိသိသာသာ။

အံဩကြသည်မှာလည်း သိပ်တော့မထူးဆန်း။

အိပ်ခန်းထဲကနေ ကားပေါ်ရော Private Jet ပေါ်တက်သည်ထိကို JK Blood က ပုလဲနက်လေးအား ပွေ့ချီလာခဲ့တာဖြစ်သည်။

ရင်ခွင်ထဲကသူလေးကတော့ မျက်နှာကို ဝှက်ထားလေရဲ့။

JK Blood ရဲ့ ချစ်သူလို့ အထင်ခံရသည့် Nuna နဲ့တောင် ထိုသို့ မမြင်ဖူးခဲ့ကြသည်မို့လည်း ပါမည်။

ဂိုဏ်းသားအားလုံးရဲ့စိတ်ထဲတွင် မပြောဘဲ သိလိုက်ကြသည်က ထိုသူသည် ဂိုဏ်းချုပ်ကဲ့သို့ အရေးကြီးဆုံး သူဆိုတာပင်။

Toronto သို့ သက်တော်စောင့် အယောက်20က ရိုးရိုး Jetဖြင့် လိုက်ပါလာပြီး Private Jet ပေါ်တွင်တော့ JK Blood နဲ့ ပုလဲနက်လေးတို့ နှစ်ယောက်သာပါရှိပြီး မောင်းနှင်ပေးသူကတော့ သက်တော်စောင့် Wiပင်ဖြစ်သည်။

Private Jet ဆိုသည့်အတိုင်း လုံးဝကို အဆင့်မြင့် Decorations တွေ ပြင်ဆင်ထားပြီး Luxury Type အိပ်ခန်းနဲ့ ဧည့်ခန်းတွေပါ ခန်းဖွဲ့ပါလေသည်။

ပုလဲလုံးလေးအသွင်နဲ့ဆို လေယာဉ်မူးတတ်တဲ့ ကောင်လေးက ခုတော့ စကားတွေ ရွှန်းရွှန်းဝေနေအောင် ပြောရင်းလိုက်ပါလာခဲ့သည်။

အတူနေပြီးသည့်အချိန်ကစလို့ JK Bloodရဲ့ ပေါင်ပေါ်ထိုင်ကာ ရင်ခွင်ထဲမှာ အမြဲမှီနေတတ်သည့် အကျင့်လေးတစ်ခု ထပ်တိုးလာခဲ့လေသည်။

လူကို ပိုကပ်လာသည့်သဘော။

Vooတင် ကပ်တာလည်းဆိုလဲ မဟုတ်၊ သူကိုယ်တိုင်၌ကလည်း အချိန်တိုင်း ပွေ့ဖက်လို့ထားချင်မိသည်အထိ ပုလဲနက်ကလေးဟာ JK Blood ရဲ့ ချစ်မဝလေး။

Blood Pearl (Completed)Where stories live. Discover now