(15)

3.8K 255 3
                                    

(Uni)

မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတယ်တဲ့လား။

မယ်မယ်ပြောပြမည့် Vooရဲ့အကြောင်းတွေကို လွမ်းဆွတ်မှု အပြည့်ဖြင့် နားထောင်ဖို့ရာ မယ်မယ်တို့ကို သူ့ရဲ့ ဘန်ဂလိုဆီသို့ ခေါ်လာခဲ့သည်။

ဘန်ဂလိုထဲ ဝင်လိုက်တာနဲ့ ပန်းရောင်သန်းသွားသည့် မျက်ဆံလေးတွေကို သူသတိထားလိုက်မိသည်။

ပန်းရောင်သန်းသွားတာလည်း မထူးဆန်းပေ သူ့ ဘန်ဂလိုထဲမှာ တစ်ခါတစ်ခါ Selfieဆွဲတတ်သည့် Voo ရဲ့ ဖုန်းထဲက Vooနဲ့သူ့ရဲ့ ဓါတ်ပုံလေးတွေကို ပုံအကြီးကြီးတွေ ထုတ်ပြီး ဘန်ဂလိုအပြည့်ကပ်ထားတာပဲ ဖြစ်သည်။

မယ်မယ်တို့ကို ဧည့်ခန်းတွင် ခေတ္တထိုင်စေပြီး သူကတော့ ရေစိုအဝတ်တွေကို လဲလှယ်ဖို့ ရေချိုးခန်းကို ဝင်လာတော့ အသေးလေးက သူ့နောက်ကနေ တောက်တောက်နဲ့ လိုက်ဝင်လာလေသည်။

ခစ်ခစ်။

မျက်နှာလေး ချိုချက်က သူ့ကို တွေ့ကတည်းက ပြုံးပြနေတဲ့ ကလေးလေးပင်ဖြစ်သည်။

အပေါ်ပိုင်း အဝတ်သာ ချွတ်ရသေးသည့် သူက အသေးလေးရှိနေတာကြောင့် အောက်ပိုင်းချွတ်ချဖို့ကို ချိန်ဆနေတုန်းမှာ အခန်းထဲ အပြေးတစ်ပိုင်း ဝင်လာသည်က သူ့ရဲ့ ချစ်မဝလေး။

"အမလေး"

သူ့ အပေါ်ပိုင်းကို မြင်ပြီး အမလေး တလိုက်တဲ့သူလေးကို သူ့မှာ အသည်းတယားယား။

"ဟို.. တောင်းပန်ပါတယ်နော်.. Voo သားလေးက လူကြီးကို ခင်လို့ထင်ပါရဲ့.. နောက်ကတန်းလိုက်သွားတာ မသိလိုက်လို့ပါ.. လာ သွားမယ် Baby.. လူကြီး ခဏနေရင်ထွက်လာမှာ PaPaတို့ ရှေ့က စောင့်ကြမယ်နော်"

ထိုသို့ပြောပြီး အသေးလေးအား ပွေ့ချီကာ ခေါ်သွားပါသော Voo။

သူ့မှာသာ ကြောင်တောင်တောင်ကြီး ကျန်ခဲ့လေသည်။

ဘာတဲ့.. ပြောသွားတာ Vooသားလေးတဲ့လား။

Voo သားလေး.. Vooသားလေးဆိုတော့ မဟုတ်မှ မယ်မယ်တို့က Vooကို ရေအောက်ကမ္ဘာမှာ အိမ်ထောင်ချပေးလိုက်တာလား။

သူ့မှာ အဝတ်ကို ကပျာကယာလဲလို့ ဧည့်ခန်းဆီသို့ အပြေးထွက်လာခဲ့တော့သည်။

Blood Pearl (Completed)Where stories live. Discover now