အခန်း ၁ Perfection

8 1 0
                                    

    "နှင်း နှင်း နှင်းရေ နင့်ယောကျာ်း ဆုံးပီဆို ဒါဘယ်လိုဖြစ်ရတာတုန်း" စိုးရိမ်တကြီး အမောတကောပြေးလာသော အဝေးက နဒီ့အား ရေးရေးလေ မြင်လိုက်ရသည်။
" ဒါဒါ ငါ့ကိုခေါ်နေတဲ့ နာမည်ဘဲ ငါဘယ်ရောက်နေပါလိမ့်"
နှင်းယုမေ တစ်ယောက် သတိရခါစ အခန်းထဲဝှေ့ပါတ်ကြည့်လိုက်မိသည်။
"ဒါ နဒီငါ့ကိုခေါ်နေတာဘဲ ငါ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့မရအောင် သတိလစ်နေခဲ့တာလား ဘာတွေဖြစ်နေတာလဲ
မောင် ဆုံးသွားပီဆိုတာကကော ဘာပါလိမ့် ငါ့မှတ်ဥာဏ်ထဲမောင်နဲ့ နောက်ဆုံးညနေစာစားခဲ့တာထိဘဲရှိတော့တယ်" နှင်းယုမေတစ်ယောက် မှတ်ဥာဏ်ထဲ ဗလာနတ္ထိဖြစ်နေသည်။
ထိုစဉ် "ဟဲ့ မိနှင်း နင်သတိရလာပြီဆိုလို့ ပြေးလာတာ ငါနင့်ကို ဆေးရုံစောင့်နေတာ တစ်ပါတ်ရှိပြီ သိရဲ့လားဟဲ့ မိနှင်းမ" မင်းနဒီတစ်ယောက် အတွေးထဲနစ်မြောနေသော နှင်းကို ရုန်းထွက်စေခဲ့သည်။
                                    xxxxxxxxxxxxxxx
နှင်းရဲ့ ငယ်ဘဝကိုပြန်ပြောပြရရင်တော့...
ငယ်စဉ်ကတည်းက အစစအရာရာ လိုလေသေးမရှိကြီးပြင်းလာခဲ့သော နှင်းယုမေ သို့သော် နှင်းယုမေရဲ့ ဘဝဟာစက်ရုပ် သာသာ နေခဲ့ရပြီး ပျော်ရွှင်ခြင်း၊ ရင်ခုန်ခြင်း၊ ပူဆွေးခြင်း ဆိုတာ သူ့အတွက်တော့ မသက်ဆိုင်သလို။ နဒီမင်းနဲ့တွေ့ပြီးမှ
အရာရာဟာအသက်ဝင်ခဲ့သော သူမအတွက်တော့ နဒီမင်းဟာ သူမရဲ့ ဒုတိယအသက်ဟု ခံယူခဲ့၊ ခံယူထားဆဲဖြစ်သည်။

နဒီမင်း၊ ချမ်းသာခြင်းကလွဲပြီး ပြည့်စုံတဲ့သူမရဲ့ဘဝ။ မိသားစု၊ သူငယ်ချင်း အချစ်ရေးကအစ အရာရာမှာ ပြည့်စုံခဲ့သူ။
ဒါကြောင့်လည်း နဒီဟာ သူ့ဘဝအတွက်လိုအပ်နေခဲ့သော တစ်ခုတည်းသောအရာကို နှင်းယုမေဆီကသာရခဲ့သည်ဟု ယူဆသည်။ ဒါကြောင့်လည်း နဒီဟာ သူ့ဘဝရဲ့ကယ်တင်ရှင်ဟာ နှင်းယုမေသာလျှင်ဖြစ်သည်။
                                   xxxxxxxxxxxxxxxxx
"ဪအေး နဒီ ဒါနဲ့ငါဘယ်ရောက်နေတာတုန်း နင်ပြောတဲ့ မောင်ဆုံးပြီဆိုတာကရောဟင် မောင်..မောင်ကဘာလို့ဆုံးရမှာလဲ" ဟုသတိရခါစ အားစိုက်ပြောရသဖြင့် နှင်းအသံက ခပ်သဲ့သဲ့ပင်။
"ဟူး....ပြောရမှာတော့ စိတ်မကောင်းဘူး ကိုရန်မင်းအောင် အသတ်ခံလိုက်ရတာလို့ ကြားတယ်။ နင် အခင်းဖြစ်တဲ့နေရာမှာ သတိလစ်နေခဲ့တာလေ... နင်ပြန်စဉ်းစားကြည့်ပါဦး နင်ကိုယ်တိုင်ဘဲ ရဲစခန်းကိုဖုန်းဆက်ပြီး ဒီအမှုကိုတိုင်ခဲ့တာလေ"
"မောင်...မောင်မရှိတော့ဘူး။ မောင်တကယ်မရှိတော့ဘူးလား"  ဆိုသည့်အတွေးများက နှင်းကိုရိုက်ခတ်လာသည်။
"ငါဘာမှလည်း မသိရပါလား ငါမှတ်ဥာဏ်ထဲ အဲဒါတွေရှိမနေဘူး ဘာဖြစ်လို့လဲ နဒီရယ် ငါ ငါ မောင်နဲ့တွေ့ချင်တယ်..." ရှိုက်ကြီးတငင်ဖြစ်နေသော နှင်းက နဒီ့ကို ခခယယ တောင်းပန်နေသည်။
                                 xxxxxxxxxxxxxxxxxxxx
မောင်...
နှင်းရဲ့ အသည်းအသက် ပထမအသက်ကတော့ မောင်ဖြစ်သည်။
"ရန်မင်းအောင်" နာမည်လေးကအစကြားရုံနဲ့ နှင်းအတွက်တော့ ကျက်သရေအဖြာဖြာပြည့်စုံခဲ့သည်။ နှင်းရဲ့ ပြည့်စုံလွန်းတဲ့ဘဝထဲ မောင်ဟာ ထုံးပေါ်ကအမည်းစက်သဖွယ် ဖြစ်သည်။
မောင်ဟာ လူကောင်းတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။
သို့ပေမဲ့ အချစ်ဆိုတာ အရာရာကိုပြောင်းလဲနိုင်သလို နှင်းရဲ့ရင်မှာ ပေါက်ဖွားလာတဲ့ မောင့်အတွက်အချစ်တွေဟာ အဆုံးမဲ့နေခဲ့သည်။ နှင်းတစ်ယောက် ပေတေတေနေသော ရန်မင်းအောင်ကို ပြောင်းလဲနိုင်ရမည်ဟု ဆုံးဖြတ်ချက်ချကာ သူမ၏တစ်ဘဝလုံး ရန်မင်းမောင််အပေါ်  ပုံအောကာချစ်ခဲ့သည်။
အချစ်ဆိုသည့်အရာက ဆန်းကြယ်လွန်းပြီး ခန့်မှန်းလို့မရသည့်အရာ မဟုတ်ပေလား။ နှင်းယုမေ၏ တထစ်ချယုံကြည်ထားသည့်အတိုင်း ရန်မင်းအောင်တစ်ယောက် တကယ်ကို ပြောင်းလဲခဲ့သည်။ ဒါကြောင့်လည်း နှင်းယုမေဆိုတဲ့ နာမည်ကြားရုံနှင့် လိုလေသေးမရှိ ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားရသော မိန်းကလေးဟု လူတိုင်းကပြောစမှတ်ပြုကြသည်။
                               xxxxxxxxxxxxxxxxxx
မောင်မရှိတော့သည့် အချိန်ကစ၍ "ပြည့်စုံခြင်းဆိုတဲ့အရာ" နှင်းယုမေဆီကနေထွက်သွားလေပြီဟု နှင်းတစ်ယောက်ယူဆလိုက်သည်။
ဆောက်တည်ရာမရတော့သောနှင်း၊ ကြိုးစားအားယူပြီးရုန်းထသော်လည်း နှင်း၏ခန္ဓာကိုယ်ဟာ တုတ်တုတ်မျှ မလှုပ်ပေ။
နဒီ့ဆီမှ အဖြစ်ပျက်များကို နားထောင်ပြီးသည့်သကာလ သူမ၏အတွေးထဲ တစ်ခုဘဲ​ရောက်လာသည်...
"ငါ့ယောက်ျားကိုသတ်တဲ့ တရားခံကိုငါကိုယ်တိုင်ရှာပြီး ငါ့လက်နဲ့ သတ်ပစ်မယ်" ဟု နှင်းယုမေတစ်ယောက် တစ်ဖန် ဆုံးဖြတ်ချက်ချလိုက်သည်။

"You're next, honey"Where stories live. Discover now