၁၆

651 50 0
                                    

စေ့စပ်ပွဲကနောက်တစ်ပတ်ကြာသပတေးနေ့ဖြစ်သည်မို့ ဏရီ့မှာ ကုမ္ပဏီအလုပ်များကိုလဲအပြီးသတ်ပေးနေရသည်။ ထိုအတွက် မျက်နှာလေးချောင်ကျကာ အရင်က ခပ်သွယ်သွယ်မျက်နှာလေးကအခုတော့ မျက်တွင်းများချိုင့်နေလျက်ရှိသည်။

"ဏရီ နေမကောင်းဘူးလားဟင် မျက်နှာလဲမကောင်းဘူး"

"စိတ်မပူပါနဲ့ တို့က ကျန်းမာပါတယ် တစ်နှစ်ပတ်လုံးနေလို့ ဖျားတာမဟုတ်ဘူး မနတ်ဖြန်ဆိုကိစ္စတွေရှင်းပြီ အဲ့ကျမှပဲအိပ်ရေးဝဝသေချာပြန်အိပ်တော့မယ် ဒီရက်ပိုင်း တို့စိတ်နဲ့လူနဲ့မကပ်တာသိသားနဲ့"

သိတာပေါ့။ ဏရီ စိတ်ကောလူကောဘယ်လောက်ပင်ပန်းနေလဲဆိုတာ သူသိနေပါသည်။ အခုရက်ပိုင်း ဏရီကသူမနားမှာအချိန်ပြည့်နေပေးပေမဲ့ အလုပ်သာကြိတ်လုပ်နေသည်။ ဏရီ့ရဲ့ပုံစံကတစ်ခုခုကို ဇောက်ချလုပ်လျင်ဘယ်သူတားတား တားလို့ရမည့်ဟန်ပန်မရှိ။

တီတီ။ တီတီ။ တီတီ။

"အာ ဏရီ ကျွန်မဖုန်းပြောလိုက်အုန်းမယ်နော်"

ဏရီ့မျက်လုံးများက Laptop ဖန်သားပြင်ကနေမရွေ့ပဲ သူ့ကိုခေါင်းငြိမ့်ပြလေသည်။ အခုက ဏရီကသူ့ကွန်ဒိုမှာလာနေနေတာ။ အိပ်ချိန်ရောက်ခါနီးမှ မိဘတွေအိမ်ပြန်လေသည်။

"အင်းပြော အကုန်သိရပြီလား"

"...."

"အိုကေ အဲ့တာဆို ငါ့ကို မူရင်းတစ်ခု ကော်ပီ နှစ်ခုလာပို့ပေး"

ဖုန်းချပြီးနောက် သက်ပြင်းတစ်ခုချမိလေသည်။ ပုံမှန်စိတ်နဲ့သာဆို ဒီအချိန် သူ ဆေးကရက်သောက်ကာနေနေမိမှာ။ အခုတော့ အိမ်ဧည့်ခန်းမှာ စာရွက်စာတမ်းတွေကြားနစ်မြုတ်နေရသည့် ဏရီ့ကြောင့်သူ့မယ်သက်ပြင်းသာချနေရပါသည်။

"ဘာတွေများဖြစ်လို့သက်ပြင်းတွေပဲချနေရတာလဲ တို့ကိုပြောပြလေ"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းလုပ်ချင်တာမလုပ်ရလို့ ဒါနဲ့ဘယ်တုန်းကရောက်နေတာလဲ"

"ရှင်လေးသက်ပြင်းချလိုက်တဲ့အချိန်ပဲရောက်တာပါနော် ဒါနဲ့ လုပ်ချင်တာမလုပ်ရလို့ဆိုတာ ဆေးလိပ်မသောက်ရလို့လား ဏရီရှိနေလို့"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now