~0~

21 2 0
                                    

ဤဇာတ်လမ်းထဲကအရာများသည်စိတ်ကူးယဉ်သပ်သပ်သာဖြစ်သည်။

"ငါတောင်းပန်ပါတယ်ဟာ ငါပြတ်ပြတ်သားသားပဲပြောလိုက်မယ် ငါနင့်ကိုပြန်မကြိုက်နိုင်ဘူး Julli နင်က စိတ်ကစားနေတာ.....တစ်ကယ်ကြိုက်နေတာမဟုတ်ဘူးငါ့ကို"

"မဟုတ်ဘူး...ငါ့စိတ်ငါသိတယ် ငါစိတ်ကစားနေတာမဟုတ်ဘူး ငါနင့်ကိုတစ်ကယ်ကြိုက်မိနေတာ....မဟုတ်ဘူး ပြောရမယ်ဆို......ချစ်မိတာ ငါတို့သိလာတာဒီလောက်ကြာနေပြီ 2 နှစ်တောင်ရှိတော့မယ် ငါအဲ့ကောင်နဲ့ပြတ်သွားကတည်းက နင့်အပေါ်စိတ်ရောက်နေခဲ့တာ မတွဲခင်ရော တွဲနေတုန်းကရော ပြတ်သွားတုန်းကရော ငါ့အနားမှာရှိနေခဲ့တာနင်လေ ငါ့ကိုနားလည်ပေးနေခဲ့တာနင်ပဲရှိတာ ငါအဲ့ကောင်ကိုလိုက်နေတုန်းက နင်ငါ့ကိုကြိုက်ခဲ့တာမသိခဲ့တာလဲတောင်းပန်ပါတယ် ငါတို့လွဲသွားခဲ့တာ နင်သာငါ့ကိုပြောခဲ့မယ်ဆိုရင် ငါအဲ့ကောင်ကိုဆက်မလိုက်ပဲနင်နဲ့တွဲခဲ့မှာပေါ့ Daniel ရာ ငါ့ကို...အဲ့ကောင်နဲ့မတွဲဖို့တား ကတည်းက ငါသိခဲ့သင့်တာ"

သူမခံစားချက်တွေကို ရေတံခွန်မှာမရပ်တန့်ပဲကျနေတဲ့ရေတွေလိုဖွင့်ချရင်း အသံနိမ့်သွားလိုက် မြင့်တက်သွားလိုက်နဲ့ ခံစားချက်တွေရောထွေးပြီး စကားအဆုံးမှာ သူမငိုချမိတယ်။သူမသူငယ်ချင်းစီကအဖြေကိုမျှော်လင့်မိနေတယ်။သူမကိုလာဖက်ပြီး
နှစ်သိမ့်လေမလားဆိုပြီး ငိုနေခဲ့တယ်။

"Julli .... ငါ.... ဟာကွာနင်ဘာလို့တစ်ခုခုဆိုမျက်ရည်ပဲကျနေရတာလဲ နင်တစ်ခုခုဖြစ်တိုင်းဘာလို့ငိုပဲငိုနေတာလဲ နင်ကအမြဲမျက်ရည်နဲ့ပဲဖြေရှင်းနေတာ တစ်ခါတစ်လေငါလဲနင့်စိတ်ကိုမဖတ်တတ်ဘူးဟ နင်ကတစ်ခါတစ်လေ တစ်ယောက်ထဲပဲကြိတ်မှိတ်ပြီး သည်းခံနေတာ အဲ့လိုမလုပ်ပါနဲ့ဟာ နင်က အပြင်ပိုင်းမှာသန်မာချင်ယောင်ဆောင်နေတာ နင့်အတွင်းစိတ်ကပျော့ညံ့နေတာ"

"...."

"ပြောစရာစကားတွေပျောက်နေတာမလား Julli ငါပြောပါတယ်နင့်ခံစားချက်တွေကတစ်ကယ်မဟုတ်ဘူးလို့"

သူ့စိတ်ထဲတွေးလိုက်မိတာ သူ့ကြောင့်နဲ့ သူငယ်ချင်းကောင်မလေးထပ်ခံစားနေရမှာစိုးပြီး ခက်ထန်တဲ့စကားလုံးတွေကိုပြောလိုက်မိတာ သူမပိုပြီးနာကျင်သွားလေမလားလို့လဲတွေးပူနေရသေး။

"Daniel... နင်...ငါ့ခံစားချက်တွေကို....တစ်ခါလေးလောက်နားလည်ပေးလို့မရဘူးလားဟာ"

သူမစကားအဆုံးမှာ မျက်ရည်တွေကိုထပ်ဖုံးကွယ်ဖို့ သူ့သူငယ်ချင်းစီကနေ ဆန့်ကျင်ဘက်ကိုပြေးထွက်လာခဲ့တယ်။ဒါသူမကို ဒုတိယအကြိမ်ငြင်းဆိုလိုက်ခြင်းပါ။သူမရင်ထဲကခံစားချက်တွေထပ်ပြီးမြိုသိပ်ထားရဦးမှာပါလား။သူမသူငယ်ချင်းကတော့ ထိုနေရာပဲဘာမှဆက်မပြောနိုင်တော့ပဲကျန်နေခဲ့တယ်။

"Julli ခေါင်းတော်တော်မာတာပဲ သူစိတ်ဆိုးစိတ်ကောက်ရင်လဲခဏပါပဲ စကားပြန်လာမပြောရင်ငါ့ဘက်ကပဲပြန်ချော့ရမှာပဲလေ"

သူလဲအဲ့နေရာကနဲ့အိမ်ကိုပြန်သွားခဲ့တယ်။ထိုနေ့တစ်နေ့လုံး သူမသူငယ်ချင်းကိုစာပို့တာ စကားပြောတာ တွေမလုပ်ခဲ့ပါဘူး သူတို့ 2ယောက်ခေါင်းထဲမှာ စိတ်တွေလေးပြီးရှုပ်နေကြတယ် တစ်ယောက်တစ်မျိုးစီရှုပ်ထွေးနေခဲ့ကြတယ်။ထိုနေညတစ်ညလုံးDanielအိပ်မပျှော်ခဲ့ပါ သူ့အတွေးတွေထဲမှာ ပြောလိုက်တာလွန်သွားပြီလား၊သူ့ကိုဘာလို့ကြိုက်တာလဲ၊မှားသွားလားဆိုပြီး အတွေးပေါင်းများစွာနဲ့အိပ်မပျှော်ခဲ့ပါဘူး။

...................................................................

TBC~

နောက်တစ်ပိုင်းမှာJulli ကျောင်းစပြောင်းလာတဲ့နေ့ကိုနောက်ကြောင်းပြန်မှာပါပြီးရင် ဘယ်လိုသူငယ်ချင်းဖြစ်သွားကြတာလဲဆိုတာလေးလဲပါမှာပါ။ပထမဆုံးရေးတာလိုအပ်ချက်လေးတွေရှိသွားခဲ့ရင် လာပြီး fbပေးလို့ရပါတယ်။ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်ပြီး ဘယ်သူ့ကိုမှမထိခိုက်စေတဲ့ fic လေးတစ်ပုဒ်လောက်ရေးကြည့်မယ်ဆိုပြီး ကြိုးစားရေးထားပါတယ်။နောက်တစ်ပိုင်း ကဘယ်လိုလေးတွေလာမလဲဆိုတာဆက်လက်စောင့်ပေးကြပါရှင့်။

Julli နဲ့ Daniel ဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့စိတ်ကူးယဉ် main Characterတွေပါ။ဒီဇာတ်လမ်းထဲမှာပါတဲ့သူတွေအကုန်စိတ်ကူးယဉ် characterတွေပါ။ပြောရရင် အကုန်စီတ်ကူးယဉ်ပုံဖော်ထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် Julli နဲ့ Daniel က သူငယ်ချင်းတွေဆိုပေမယ့် သူငယ်ချင်းမကျ ရည်းစားမကျအမြဲတပူးပူးတတွဲတွဲနဲ့ပါ။သူတို့2ယောက်က အမြဲတပူးပူးပဲရှိနေတော့ မသိတဲ့သူတွေတွေ့ရင် အတွဲတွေလို့ထင်မှားနိုင်လောက်အောင်ထိ အမြဲတပူးပူးနဲ့ပေါ့။2ယောက်အတူရှိလိုက်ရင် စိတ်ကောက်၊ရန်ဖြစ်၊ပြန်ချော့၊တလွဲလုပ် တစ်မျိုးပြီးတစ်မျိုးဖြစ်ကြတဲ့ crackheads တွေပါ။friendship type က Goofy/Crackheads typeပါ။တစ်ခါတစ်လေ စိတ်ပေါက်ရင်တော့တည်ငြိမ်ကြပါတယ်။Julli က Daniel ထက်အသက် ၂လလောက်ကြီးပါတယ်။ဇာတ်လမ်းအကျဉ်းကိုဒီလောက်ပဲရေးပါမယ်နော် ရှည်သွားတယ်ထင်တာပဲ။

...................................................................

In Love With My Friend Where stories live. Discover now