~2~

2 0 0
                                    

Julli တစ်ယောက် စိတ်ကောက်ပြီးအိမ်ပြန်ရောက်တော့ ည10ကျော်နေတာကိုအိပ်ဖို့ကြိုးစားကြည့်ပေမယ့် အိပ်မပျှော်တော့ သူမအိပ်ခန်းရဲ့ ဝရံတာမှာထိုင်ပြီး Guiter တီးလိုက် ဖုန်းထဲမှာgameဆော့လိုက် လကြီးကိုငေးလိုက်နဲ့လုပ်နေတာပေါ့။ညသန်းခေါင် 2ခွဲကျော်ကျော်လောက်မှာ noti နဲ့အတူလင်းလာတဲ့ ဖုန်းscreenတစ်ခု ကိုမြင်လိုက်တော့ Julli တစ်ယောက်  လကြီးကိုငေးနေရာကနေ ဖုန်းကောက်ကိုင်လိုက်တော့ Daniel စီက။Message box ထဲဝင်လိုက်တော့။

"Julli တောင်းပန်ပါတယ် ငါ့အမှားပါ နင့်ကိုအဲ့လောက်ထိမပြောလိုက်သင့်ဘူး အခုအိပ်နေပြီလား မအိပ်သေးရင်လဲစာပြန်ပါ အိပ်နေရင်လဲ မနက်ကျအကြောင်းပြန်ပေးပါဟာ ငါတစ်ကယ်တောင်းပန်ပါတယ် နင့်ကိုစိတ်ကောက်အောင်လုပ်မိလို့ ငါအစကနင် စိတ်ကောက်လဲခဏလေးပါ ပြီးရင် သူ့ဘာသာအရင် စပြောမှာပဲလို့တွေးခဲ့မိတာ နင်ကအခုတစ်ကယ်ကြီးစိတ်ကောက်ပြီးငါ့ကို စာမပို့တော့ငါနေရခက်လို့ပါ"

သူမ စာဖတ်ရင်း နည်းနည်း ပြုံးစိစိဖြစ်သွားပေမယ့် စိတ်ကောက်ချင်ဟန်ဆောင်ချင်သေးတာကြောင့် စာတိုတစ်ခုသာပို့လိုက်တယ်။

"ပြော"

"နင်မအိပ်သေးဘူးပေါ့ နင်ငါ့ကိုစာမပို့တော့ငါနေရခက်ပြီးအိပ်မပျှော်လို့စာပို့လိုက်တာ အခု ဘာလုပ်နေလဲ ခဏတွေ့မလား ပန်းခြံထဲ လမ်းလျှောက်ရင်း စကားပြောကြရအောင်လို့လေ ရလား"

"အင်း လာခေါ်မှာလား"

"လာခေါ်ပေးမှာပေါ့ နင်စိတ်ကောက်ပြေဖို့ဆိုငါဘာမဆိုလုပ်တာနင်လဲသိတာပဲကို"

Daniel သူမကိုလာခေါ်မှာကိုစောင့်နေတာပေါ့။နာရီဝက်လောက်အကြာမှာသူမအိမ်က ဘဲလ်ကို တီးလာတော့ သူမအနွေးထည်ယူပြီးအိမ်ပြင်ထွက်လာခဲ့တယ်။

"Julli နင်ဗိုက်ဆာလား ခုနက နင်Tokbokki ဆိုင်ကနေ စိတ်ဆိုးပြီးထွက်သွားတော့ဘာမှမစားရသေးဘူးထင်တယ်"

"မဆာတော့ဘူး"

"အေးပါ နင်က မဆာဘူးသာပြောတာပြီးရင်လဲစားမှာပဲကို ငါနောက်ကျသွားတာ လမ်းမှာမုန့်ဝင်ဝယ်နေလို့ နင့်အတွက် 2နာရီကျော်နေပြီဆိုတော့ Tokbokki ဆိုင်က မဖွင့်လောက်တော့မှာစိုးလို့ပိုကြာနေမှာစိုးလို့ convenience storeကနေ နင်ကြိုက်တဲ့ Strawberry Milk နဲ့ Cream ပေါင်မုန့်ဝယ်လာခဲ့တာ ရော့"

In Love With My Friend Where stories live. Discover now