~Valentine Day Special~

3 0 0
                                    

14,2,2024

Daniel တစ်ယောက် စိတ်လှုပ်ရှားနေတယ် နိုးကတည်းက။စာပို့လိုက်တာပေါ့ သူ့ရဲ့သူငယ်ချင်းလေးကို။

"ဟဲ့ ကလေးမ ပြင်ထားနော် နောက် မိနစ် 20လောက်ဆိုငါလာခေါ်ပြီ အခုငါလဲ ပြင်လိုက်ဦးမယ်😀"

"ကလေးမ လို့မခေါ်နဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ နင့်ထပ်ကြီးတယ်နော် ငါက😒"

"ချစ်စနိုးနဲ့ခေါ်တာကို ဘာဖြစ်လဲ ပြင်ထားပါလိုင်းဆင်းပြီ"

"အင်းအင်း ဟုတ်ပြီ"

တွေ့ဖို့မစောင့်နိုင်တော့တဲ့သူတစ်ယောက်ကတော့ Daniel ပါ။ရင်တွေအခုန်လွန်နေတဲ့သူက Julli ပါ။တွေ့ဖို့ မစောင့်နိုင်တော့တဲ့သူတစ်ယောက်က အမြန်ပြင်ဆင်ပြီး သူငယ်ချင်းလေးကိုသွာခေါ်တာပေါ့။အိမ်ရှေ့ရောက်တော့ bell တီးတော့ သူငယ်ချင်းလေးက အပြုံးလေးနဲ့ တံခါးဖွင့်ပေးတာပေါ့။Daniel တစ်ယောက်မြင်လိုက်ရတဲ့ သူငယ်ချင်းမလေးက ဒီနေ့တစ်မူထူးခြားနေတယ် သူ့အတွက်။

"နင် ဒီလိုချစ်စရာကောင်းအောင်ဝတ်ထားတာငါ့အတွက်လား"

"နင်ကလဲ Valentine Dayကိုနည်းနည်းတော့ ပြင်ရမှာပေါ့.....အင်း နင့်အတွက်လဲပါတယ်"

ပန်းနုရောင်သန်းသွားတဲ့ သူမပါးပြင်တွေကို ငေးနေမိနေတာပေါ့။

"သွားမယ်လေ ဘယ်သွားကြမလဲ"

"ကစားကွင်း"

"သွားကြမယ်လေ"

"အော်...အင်း သွားကြတာပေါ့"

ထုံးစံအတိုင်း လက်တွဲပြီး သွားကြပါပြီ ကစားကွင်းကို။ကစားကွင်းရောက်တော့

"ကလေးမ ဘာဆော့ချင်လဲပြောဒီနေ့ နင့်စကားနားထောင်မယ်"

"တစ်ကယ်လား ထူးထူးဆန်းဆန်း"

"မစဘူး တစ်ကယ် နင့်စကားနားထောင်မယ် နင်ဘာပဲလုပ်ချင်လုပ်ချင် ငါဒီနေ့တစ်နေကုန် နင့်ကိုအလိုလိုက်ပေးမယ်"

"အဲ့တာဆိုငါနဲ့ Photo Booth ရိုက်ရမယ် ပြီးရင် roller coasterစီးမယ် ပြီးရင် ကြာတယ် ဒီနေ့အကုန်ပတ်ဆော့ပေး ငါနဲ့"

"အေးဟုတ်ပြီ သွားမယ် အရင် Photo Booth ရိုက်ကြတာပေါ့"

သူတို့ ပုံတူတူရိုက်ကြတယ် ပုံလေးကို 2ပုံတွဲထုတ်လိုက်တာပေါ့ တစ်ယောက်1ပုံစီသိမ်းထားဖို့။

In Love With My Friend Where stories live. Discover now