CHAPTER - 17

2K 433 111
                                    

ZAWGYI

သစ်ပင်နှစ်ပြန်စာမြင့်သည့် အသားစားပန်းဘီလူးသည် လဲကျသေချင်ယောင်ဆောင်သွားကြသည့်အဖွဲ့သားများထဲက တစ်ယောက်ထဲ အတည်လိုက်ကြီး ရပ်ကျန်ခဲ့သော Jungkookဆီသို့ အာရုံစုပြုံလာကာ အသံနက်ကြီးနှင့်ဟိန်းလာခဲ့သည်။

ခေါင်းနှစ်လုံးအသားစားပန်းဘီလူး၏ ဝမ်းခေါင်းသံနှင့်အသံလှိုင်းမှာ ဘေးပတ်ဝန်းကျင်များကိုပါ အသံလှိုင်းကြားထဲလွှင့်ပါသွားစေကာ Jungkook၏ဆံနွယ်နှင့်ဝတ်ရုံအနက်တို့ကပါ တလွှင့်လွှင့်ဖြစ်သွားရသည်။

မြေပြင်ထက်က မျက်စိစုံမှိတ်၍ လဲလျောင်းနေကြသည့် Taehyungတို့လည်း ထိုအသံလှိုင်းကြောင့် ပိုမိုထိတ်လန့်တုန်လှုပ်သွားကြကာ ဆက်ပဲသေချင်ယောင်ဆောင်ရမည်လား၊ ထ၍ထွက်ပြေးရမည်လားမသိဖြစ်ကုန်ကြကာ Jensenဟာတော့ လဲလျောင်းလျက်သားနှင့်ပင် အသားစားပန်းဘီလူးနှင့် ကင်းလွတ်မည်ထင်သည့်ဘက်သို့ တွားသွားရှောင်ထွက်ရန်ကြံဆနေသည်။

" ဟရူး!.....ရှုး....."

နှာမှုတ်သံပြင်းပြင်းနှင့် အသားစားပန်းဘီလူးသည် Jungkookရှိရာဆီသို့ တရှိန်ထိုးကိုင်းညွှတ်လာခဲ့လျှင် Jungkook၏ဝတ်ရုံနက်အတွင်းမှ မှော်နှင်တံသည်လက်ထဲသို့ ဖြတ်ခနဲရောက်ရှိလာခဲ့ပြီး အချိန်တိုအတွင်းမှာပင် အနက်ရောင်မှော်ဓားအဖြစ်ပြောင်းလဲသွားခဲ့ကာ Jungkookသည် ခန္ဓာကိုယ်ကိုဖော့လျက် ခုန်ရှောင်လိုက်ကာ ထိုအသားစားပန်းဘီလူးခေါင်းကို ခုတ်ချလိုက်သည်။

" ရွှမ်း!!...."

ဖြာထွက်လာခဲ့ပါသည့် အစိမ်းရောင်အရည်ရွှင်ရွှင်တွေ။

" အား!..."

မြေပြင်ထက်က Taehyungတို့အပေါ်မှာပါ ထိုအစိမ်းရောင်အရည်တွေ ဖိတ်စင်လာကာ အသားစားပန်းဘီလူး၏ပြတ်ထွက်သွားသည့် ခေါင်းတစ်လုံးက Taehyungနှင့် Henryအနားကျလာခဲ့သည်ဖြစ်၍ Taehyungတို့နှစ်ယောက်သည် အလန့်တကြားအသံကုန်ဟစ်ပြီး ထပြေးမိသည်။

အစိမ်းရောင်အရည်တွေက ကပ်စီးစီးနှင့်ဖြစ်ကာ အနံ့ဟာလည်းစိမ်းရွှင်ရွှင်ဖြစ်၍ Loganကတော့ ထိုအနံ့ကြောင့်မသတီစွာ အနားမှာပင် အော့အန်တော့သည်။

THE MAGIC LANDWhere stories live. Discover now