CHAPTER - 37

2K 320 58
                                    

ZAWGYI

ဖောင်ဆိပ်ရှိရာ Taehyungတို့အိမ်အနီးနားက ရထားမှတ်တိုင်တွင် ရထားမှာဉသြသံဆွဲလျက် ဆိုက်ရပ်သွားခဲ့လျှင် Taehyungနှင့်Jungkookသည် ကိုယ်စီကျောပိုးအိတ်လွယ်လျက် ရထားပေါ်ကနေဆင်းခဲ့သည်။ ထို့ထိတိုင် သူတို့နှစ်ဦး၏တွဲလက်များမှာ မလွှတ်ကြသေးဘဲ မြဲမြံလျက်ရှိနေသေးသည်။

Taehyungသည် ခွဲခွာခဲ့ရသည်မှာ တစ်လခန့်ကြာမြင့်သွားပြီဖြစ်သော မိမိ၏အိမ်လေးကိုလှမ်းမြင်လိုက်ရလျှင် ပျော်ရွှင်စိတ်တို့ဖြင့်မြူးထူးသွားရသည်။

" အဲ့ဒီ့အိမ်က... ငါတို့အိမ်လေ... Jungkook.. ဖောင်ဆိပ်နားမှာ.. ငါတို့အိမ်တစ်အိမ်ပဲရှိတာ..."

Jungkookဘက်ကိုကလည်း လှည့်ကြည့်လှည့်ကြည့်ဖြင့် သူ့အိမ်ကိုမိတ်ဆက်ပေးပြီး Taehyungသည် Jungkook၏လက်လေးကိုဆွဲကာ သူ့၏အိမ်ဆီခေါ်ဆောင်ခဲ့သည်။

Jungkookကတော့ Taehyungအနောက် အလိုက်သင့်လေးပါလာပြီး ပျော်ရွှင်မြူးထူးနေသည့်Taehyung၏ပုံရိပ်လေးကို ကြည့်ရသည်က သူ့စိတ်ကိုကျေနပ်စေသည်။

မြဲမြံနေဆဲဖြစ်သည့်တွဲလက်ထံ အကြည့်ဆင်းသက်သည့်အခါ လွှတ်ပေးရမည်ကို နှမြောတသစွာ..။

" အော?.. ဖေဖေရှိနေတယ်...."

Jungkookလက်ထဲကနေ ရုန်းထွက်သွားခဲ့ပါသည့်Taehyungဟာ တံခါးဖွင့်ဟထားလျက်ရှိသော သူ့၏အိမ်ကြောင့် အိမ်အနားဆီ အပြေးတပိုင်းရောက်ရှိသွားခဲ့သည်။

" ဖေဖေ!!... သား ပြန်လာပြီ!!...."

Taehyung၏အားရဝမ်းသာ အသံပေးမှုကြောင့် Taehyung၏ဖခင်ဖြစ်သူမှာလည်း မထင်မှတ်ထားသလို အားရဝမ်းသာနှင့် Taehyungတို့ကို လာရောက်ထွက်ကြိုဆိုမှုပြုသည်။

" Taehyung ah.. အား.. ငါ့ရဲ့သားလေး...."

Taehyungက ဖခင်ဖြစ်သူနှင့် တရင်းတနှီး ထွေးပွေ့လျက် နှုတ်ဆက်အလွမ်းသယ်နေကြသည့်မြင်ကွင်းကို Jungkookသည် အနည်းငယ်မျှ အားကျစိတ်ဝင်ရသည်။

သူ့ရဲ့အဖေကတော့ သူ့ကို ထိုသို့နွေးထွေးသည့်ပွေ့ဖက်မှုကမ်းလင်ဖို့နေနေသာသာ နွေးထွေးသည့်အကြည့်၊ စကားတစ်ချက်ကိုမျှ မကမ်းလင့်ဖူး...။

" သူငယ်ချင်းရော.. ပါလာတာလား...."

" ဟုတ်တယ်.. သားနဲ့Groupတစ်ခုထဲက Jungkookတဲ့... Jungkook... ဒါက... ငါ့ရဲ့အဖေ..."

THE MAGIC LANDWhere stories live. Discover now