Part -4

45 4 0
                                    

"ကျောင်းခန်းတွင်စာသင်ချိန်"

ဆရာမအသင်းတွေခွဲထားတာကိုသေချာမှတ်ထားနော် ပြီးတော့အုပ်စုလိုက်ညီညီညွတ်ညွတ်ရှိရမယ် ရန်ဖြစ်တာတွေဆိုဆရာမ ရုံးခန်းခေါ်ပြီးမိဘတွေ့ခိုင်းမှာနော်"
အတန်းခေါင်းဆောင်ရွေးရမယ် ယောင်္ကျားလေးနဲ့မိန်းကလေးနှစ်ယောက် မဲခွဲကြမယ်
ကျောက်သင်ပုန်းပေါ် မှာလာမဲပေးမယ် တစ်ယောက်ချင်းစီ"

မိန်းကလေးထဲက ယမုံ ကျသွားပြီး ယောင်္ကျားလေးထဲက ထူးမြတ်ကျသွားသည်၊

အတန်းခေါင်းဆောင်တွေရဲ့စကားလည်းနားထောင်ကြပြီးစည်းစည်းလုံးလုံးရှိရမယ်နော်"
(ဆရာမယဉ်)

စာသင်မယ် "ကဲ လိုက်ကြည့်
(ဆရာမယဉ်သည်စာသင်ရင်း ရှေ့ဆုံးတန်းကိုလှန်းကြည့်မိတာ ကြာဖြူ ငိုင်နေတာကိုတွေ့သွားသည်)

သမီး ဖူး" ထ ဒီ Sentences မှာဘာထည့်ရမလဲ"

ရှင်"အမ် အမ်.....
(ကြာဖြူ)

ကြာဖြူသည်မနက်က ဆရာမယဉ်၏ အနီရောင်ကနုတ်ကလစ်လေးအကြောင်းကိုတွေးနေ၍ စာလည်းလိုက်မမှတ်နိုင်ဖြစ်ပြီး စိတ်ကလွင့်နေလေသည်၊သူ့ကိုယ်သူတောင်မသိ ပူပန်နေသည်ဆိုတာ.."

အမ်....သမီးမသိတော့ဘူး ဆရာမယဉ်'
(ကြာဖြူ)

ဘယ်သိမလဲ စာမှသေချာလိုက်မကြည့်တာ ကဲရှေ့ထွက်ခဲ့စန်း"
(ဆရာမယဉ် မှမာကျောလှသောမျက်နှာထားဖြင့်)

ဟုတ်"
(ကြာဖြူ ကြောက်ရွံ့ရွံ့ဖြင့်ရှေ့ထွက်ခဲ့သည်)

လက်ဖြန့်"
(ဆရာမယဉ်မှ စိတ်တိုစွာသောအကြည့်)

ကြာဖြူလက်ကလေးကိုကြောက်ရွံ့စွာဖြင့်ဖြန့်ကာ "အ"
(ဆရာမယဉ်သည် ကြိမ်လုံးဖြင့် လက်ကိုခက်ကြမ်းကြမ်းရိုက်လိုက်သည်)

သွားကိုယ့်‌နေရာကိုပြန်ထိုင်"
(ဆရာမယဉ်)

ကြာဖြူခေါင်းလေးညိမ့်၍ဘာမှမပြောနိုင်ဘဲ သူ့နေရာသာပြန်ထိုင်လိုက်သည် ၊နဂိုကတည်းကငိုမဲ့ဖြစ်နေသောကြာဖြူသည်လည်းဆရာမယဉ် ရိုက်သောအခါပို၍ငိုချင်စိတ်ပေါက်လေသည် မျက်ရည်များတဝဲလည်လည်ဖြင့်"

ဆရာမယဉ် ထိုသို့ကြာဖြူ မျက်ရည်ဝဲနေသည်ကိုသတိထားမိသည် သို့ပေမယ့်တစ်ချက်မှစကားမပြောပေ ကျောင်းဆင်းသည်အထိပင်"

"သိပ်ချစ်ရပါသော ဆရာမယဉ်"(Ongoing)Where stories live. Discover now