Part -6

49 3 0
                                    

သောကြာနေ့ တွင်ကျရောက်သောကြာဖြူတို့အသင်းသည် ကြိုးကြိုးစားစားသန့်ရှင်းရေးလုပ်နေကြသည်"

ဟဲ့ကြာဖြူ"
(နဒီ)

အေး
(ကြာဖြူ)

ဘုရားပန်းလေးသွားဝယ်ပေးပါ့လား ဘုရားပန်းကိုဟိုကောင်မကဝယ်မလာဘူး ကျောင်းရှေ့ကစက်ဘီးနဲ့ဘုရားပန်းသည်ထဲကသွားဝယ်လိုက်ပါ့လား သပြေပန်းရယ်၊ စံပယ်ပန်းကုံးရယ် ရော့ဒီမှာ
(နဒီမှ ၂၀၀၀ပေး၍)

အေးအေး သွားဝယ်လိုက်မယ် ရော့တံမြက်စီးဆက်လှည်းပေးထားအုံး"
(ကြာဖြူ)

အေးပါ"
(နဒီ)

ကျောင်းရှေ့က ပန်းသည်အဒေါ်ကြီးထဲကြာဖြူပန်းဝယ်နေချိန်တွင်  ဆရာမယဉ်မှကျောင်းဝင်ပေါက်သို့လာနေချိန်"

ကြာဖြူပန်းသည်ထဲမှ နဒီမှာလိုက်သောပန်းများသာမက ဆရာမယဉ်ကိုမြင်၍ ကြာဖြူသတိတရနှင်းဆီနီ တစ်ပွင့်ပါဝယ်ခဲ့သည် ကျောင်း‌အပေါ်ထပ်ကိုတက်၍အပြေးအလွှား ဆရာမယဉ်စာသင်ခုံပေါ်သို့ နှင်းဆီပန်းတစ်ပွင့်ချထားသည် ကြာဖြူမှ နှင်းဆီရိုးကိုမတိုမရှည်ချိုး၍ စူးများကိုဖယ်ပြီးတင်ထားခဲ့သည်"

ကျောင်းခေါင်းလောင်းမြည်၍ အတန်းထဲကျောင်းသူကျောင်းသားများ ဝင်လာကြတယ်
ပြီးလျှင် ဆရာမယဉ်ပါဝင်လာသည်"

ဆရာမယဉ်သည် သူ၏ခုံပေါ်ကြည့်ရာ နှင်းဆီပန်းလေးမြင်၍"

ငါပေးတဲ့ဟာမှန်းမသိလောက်ပါဘူး ပန်ပါ့မလား"
(ကြာဖြူသည် စိတ်လှုပ်ရှားနေသည်)

ဆရာမယဉ် ထိုနှင်းဆီပန်းလေးကို သူ၏ဆံထုံးပေါသို့ပန်နေချိန်
ပြတင်းပေါက်မှ လေ‌ေလးမှာတဖြူးဖြူးတိုက်လာပြီး  ဆရာမယဉ်ပြုမူနေသော အမူအရာများမှာ ကြာဖြူမျက်လုံးထဲတွင်

ဟာ လှရက်လိုက်တာဆရာမယဉ်ရယ် သမီးဘယ်လိုလုပ်ရမလဲဟင် ကျောင်းဘဲပြောင်းရမလား ဟူးးးစိတ်ထိန်း စိတ်ထိန်း"
(ကြာဖြူ၏ စိတ်ထဲတွင်)

စာသင်‌ေနချိန်တွင် ရှေ့ဆုံတန်းမှာထိုင်နေသော ကြာဖြူသည် ဆရာမယဉ်ကိုမျက်တောင်မခတ် စာသင်ပုံကိုထိုင်ကြည့်နေသည်"သမီးပေးတဲ့ပန်းလေးနဲ့သိပ်လိုက်ဖက်တာဘဲ မြတ်နိုးမှပန်တာဆိုတော့ ငါ့အတွေးဘဲလွန်တာလား ငါပေးထားတာမှန်းသိနေတာလား "

"သိပ်ချစ်ရပါသော ဆရာမယဉ်"(Ongoing)Where stories live. Discover now