It been a year now [UNICODE]

206 10 2
                                    

ရာသီအလီလီကုန်ဆုံးသွားခဲ့ပြီ ။ အခုဆို Chimon သူ့ကိုထားသွားခဲ့တာ တစ်နှစ်ရှိပြီ ။ Chimonက အရမ်းဆိုးတယ် ။ သူလည်း အဆင်ပြေမနေခဲ့တာတောင် နွေးထွေးမှုပေးမည့်ရင်ခွင်ထဲသို့ ပြေးမဝင်လာခဲ့ဘူး ။ Perthကပဲ သွားပြီးဖက်ထားလိုက်ရမလားလို့ တွေးဖူးသည် ။ ဒါပေမယ့် Perthက Chimonရဲ့စိတ်ကို Chimonထက်ပိုသိသူဖြစ်တဲ့အလျောက် Chimonက ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူမှန်းလည်း သူသိပါသည် ။ အဝေးကနေငေးကြည့်ရတာ တင်းတိမ်မှုမရှိပေမယ့် ထိတွေ့ဖို့လည်းသတ္တိမရှိပါဘူး ။

ဒီတစ်နှစ်အတွင်း Perthရဲ့ကမ္ဘာက ရုံးရယ် အိမ်ရယ် ဘားရယ်သာ ။ ရုံးကပြန်ရင် အရက်ကို အိမ်မှာသောက်ရင်သောက် မဟုတ်ရင် ဘားမှာသွားသောက်တတ်သည် ။ Chimonက သူနဲ့မသက်ဆိုင်ချင်တော့ရင်တောင် သူက Chimon ဘယ်အချိန်မဆို‌ပြန်ပြေးဝင်လာတိုင်း အဆင်သင့်ဖွင့်ထားတဲ့အိမ်ကလေးတစ်လုံးဖြစ်ချင်သည် ။

အော်...အမေရိကန်ရုံးခွဲကိုလည်း Perthမသွားဖြစ်ပါ ။ အကြောင်းပြချက်မျိုးစုံနဲ့ ပေတေကာ ထိုင်းရုံးခွဲမှာသာနေသည် ။ Chimonရဲ့ တစ်မိတာခွဲအကွာအဝေးလောက်မှာနေရရင်တောင် သူ့အတွက်ပျော်ရွှင်မှုဆိုတာအဓိပ္ပါယ်ရှိတာ။

အလုပ်ထွက်စာ

တနင်္ဂနွေနေ့ ရုံးပိတ်ရက်ပြီးလို့ တနင်္လာနေ့ ရုံးဖွင့်ရက်မှာ Perthရဲ့အလုပ်စားပွဲပေါ်မှာမြင်လိုက်ရတဲ့စာတစ်စောင် ။ အလုပ်ထွက်စာဟာမထူးဆန်းပေမဲ့ စာပိုင်ရှင်ကတော့ သူ့ဘဝကြီးပြိုလဲအောင်လုပ်နိုင်စွမ်းရှိတယ် ။

Chimonက အလုပ်ပါထွက်ပြီး သူ့ဆီကနေထွက်ပြေးသွားတော့မှာလား ။ ခင်ဗျားမျက်လုံးထဲ ကျွန်တော့်ကိုချစ်နေသေးတာကိုမြင်နေရတယ်လေ ။ ဘာလို့လဲ ခင်ဗျားရယ် ??

ခဏနေတော့ Perthဟာ တစ်ခုခုကိုတွေးမိပြီး မျက်ခုံးနှစ်ခုဟာပူးကပ်သွားတဲ့အထိ တွန့်ချိုးသွားတယ် ။ လက်ထဲကအလုပ်ထွက်စာကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်လိုက်ပြီး အမှိုက်ပုံးထဲထည့်လိုက်တယ် ။ ထို့နောက် ကားသော့ကိုယူကာ ရုံးကနေအကြမ်းပတမ်းထွက်လာသည် ။ အရှိန်နှုန်းကိုအမြင့်ဆုံးတင်ပြီး ‌ဦးတည်ရာတစ်ခုကိုမောင်းထွက်လာသည် ။ ကားပေါ်မှာ Chimonသာရှိရင် Perthကိုအော်ဆဲနေလောက်တယ် ။ Chimonဟာ Perthကိုဂရုစိုက်တဲ့တစ်ဦးတည်းသောသူသာ ။

~If the world was ending~Where stories live. Discover now