ဇာတ်လမ်းအညွှန်း

1.6K 35 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံဇနီးကညာ

ဇာတ်လမ်းအညွှန်း

စုယာယာ သတိပြုမိချိန်မှာ သူမက ဝတ္ထုကမ္ဘာတစ်ခုထဲ ရောက်ရှိနေခဲ့ကာ CEO ရဲ့ အစားထိုးခံဇနီးသည် - အမြှောက် စာ,သာသာ ဇာတ်ကောင်လေးထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရ၏။

သူနဲ့ အတော်လေးကို ရုပ်ချင်းဆင်လှသည့် CEOရဲ့အချစ် ဉီး ပြန်လာတဲ့အချိန်မှာ ကွာရှင်းခြင်းနဲ့ ဝမ်းနည်းစရာအဆုံး သတ်က သူမကို စောင့်ကြိုနေမယ်ဆိုတာကို ကြိုသိထားပြီး ဖြစ်တဲ့အတွက် ပိုက်ဆံဆိုတဲ့အရာတစ်ခုကိုသာ သူမယုံကြည် အားထားခဲ့သည်။

သူမက နေ့စဉ်နေ့တိုင်း သူမရဲ့ယောက်ျားကို မျက်နှာလို မျက်နှာရလုပ်.. အမှီသဟဲပြုစရာ ရပေါက်ရလမ်းအခွင့်အရေး တွေကို စုဆောင်း... သစ္စာရှိဇနီးသည်တစ်ယောက်လို သူ့ကို အလုပ်အကျွေးပြုခဲ့သည်။

မကွာရှင်း မကွဲကွာရသေးခင် သူမအပေါ် အထင်အမြင် ကောင်းကို ချန်ထားနိုင်ခဲ့ခြင်းက ပိုကောင်းတယ်မလား.. ဒါမှ သူမရဲ့မရဏအလံလေးကို ရှောင်ရှားနိုင်မှာလေ။

ဒီဗိုလ်ကျခြယ်လှယ်လွန်းတဲ့ CEO ကြီးက အတော်လေး ကို ကျေနပ်အားရဖြစ်ကာ သူမအား ပလက်တီနမ်ကဒ်ကို ကိုယ်တိုင်ထုတ်ပေးကာ

"ယူလိုက်... ပြီးတော့ မင်းကြိုက်တာမှန်သမျှဝယ်"

စုယာယာကတော့ ပျော်ရွှင်စွာပဲ လက်ခံထားလိုက်တာ ပေါ့..။ အမျိုးသမီးဇာတ်လိုက် ပေါ်မလာခင်အထိ သူရဲ့ဖူးဖူး မှုတ်အလိုလိုက်ခြင်းအပေါ် သူမကတော့ အပြည့်အဝ အခွင့် အရေးယူမှာ အသေအချာပင်။

စီးပွားရေးဆန်ဆန် ဆက်ဆံရေး ဖြစ်သော်ငြားလည်း မမျှော်လင့်ဘဲ CEOကြီးက ဒီဆက်ဆံရေးထဲ နက်နက်ရှိုင်းရှိုင်း ကြွေကျသွားစဉ် တစ်နေ့ သူ့ဇနီးက သူ့ဘေးနားကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ သောအခါ ။ တကယ်ဖြစ်လာချိန်မှာတော့...

(*အမျိုးသားဇာတ်လိုက်၏ အစားထိုးခံဇနီးကညာဆိုသော ဘာသာပြန်ဝတ္ထုလေးမှ ကြိုဆိုပါတယ်ရှင့်)

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံဇနီးကညာWhere stories live. Discover now