Chp 16-20(Unicode)

640 26 2
                                    

အခန်း (၁၆)အရသာရှိသော-၂

ချန်ရှုံ့ချီရဲ့မျက်ဝန်းတွေက မှောင်မိုက်နေဆဲ။

သူ့အတွက် တစ်ခုခုဝယ်ခဲ့ပေးဖို့ သူမကို ပြောလို့ သူ့ အတွက် ကိတ်ဝယ်လာခဲ့ပေးဖို့ ဆုံးဖြတ်လိုက်တယ်? သူ ကိတ်စားချင်တယ်လို့ ပြောခဲ့လိုက်သလား? အို, သူ သူမကို တစ်ခုခု ဝယ်ခဲ့ပေးဖို့ ပြောချိန်တုန်းက သူမက ဒီအချိုပွဲကို စားနေတုန်းဖြစ်လို့ သူလည်း ကိတ်စားချင်သွားတယ်လို့ ဖြစ် သွားတယ်ပေါ့? ဒါ ဘယ်လို သောက်ကျိုးနည်း တွေးခေါ်မှု ကြီးတုန်း? သူ ကိတ်စားချင်တယ်လို့ ပြောမိသလား?

စုယာယာ နောက်ဆုံးတော့ ချန်ရှုံ့ချီနဲ့ပတ်သတ်လို့ တစ် ခုခု မှားနေကြောင်း သတိပြုမိလိုက်သည်။ သူ့ရဲ့မျက်ဝန်းတွေ က အေးစက်နေပုံပေါ်ကာ စိတ်မကြည်ဖြစ်နေသလိုပင်။ သူမ က မဝံ့မရဲနဲ့ မေးလိုက်၏။

"ဘာဖြစ်လို့လဲဟင်"

ချန်ရှုံ့ချီဟာ သူမကို စိတ်တိုလွန်းလှတဲ့အတွက် တကယ့် ကို ဗြုန်းခနဲ ရယ်ချပစ်မိတော့မလို့။ သူက အေးစက်စွာ အသံ တစ်ချက်ပြုရုံသာ ပြုလိုက်၏။

"မင်း ဘယ်လိုထင်လဲ?"

သူမရဲ့မျက်ဝန်းတွေက သူရဲ့အေးစက်စက်အကြည့်နှင့် ဆုံသောအခါ စုယာယာ ချက်ချင်းပင် တစ်စုံတစ်ရာကို နားလည်လိုက်၏။ သူမက ဖျော့တော့အားနည်းစွာဖြင့် မေး လိုက်သည်။

"ကိုက ကိတ်မကြိုက်ဘူးလား?"

ချန်ရှုံ့ချီ သူမကိုသာ တိတ်ဆိတ်စွာ ကြည့်နေ၏။

ချန်ရှုံ့ချီက နည်းနည်းလေးတော့ ထူးဆန်းတယ်လို့ စု ယာယာ တွေးလိုက်မိသည်။ စာအုပ်မှာက သူ ကိတ်မကြိုက် တာမျိုး ဒါမှမဟုတ် အဲဒါနဲ့ပတ်သတ်လို့ တစ်ခုခု ပြဿနာရှိ တာမျိုး ဘာမှဖော်ပြမထားခဲ့ဘူး။

သို့သော် အခုက ဒီအကြောင်းကို စိတ်ပူနေရမယ့် အချိန် မဟုတ်ပေ။ သူမက မျက်တောင်လေး တဖျက်ဖျက်လုပ်ပြီး ပြော၏။

"ရပါတယ်.. ယာယာက ယာယာအတွက် ဒီကိတ်တွေကို ဝယ်လာခဲ့တာပါ.. ကို ဘာစားချင်လဲ? ယာယာ ကို့အတွက် တခြားတစ်ခုခု သွားဝယ်ပေးမယ်လေ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံဇနီးကညာWhere stories live. Discover now