Chp 11-15 (Zawgyi)

150 0 0
                                    

အခန်း(၁၁) ဝယ်ရမလား မဝယ်ရဘူးလား-၂

သို့သော် ဒီခန္ဓာကိုယ်မှာဖြင့် ထိုကဲ့သို့သောကိစ္စတွေ မရှိ ခဲ့ပေ။ မူလကိုယ်က သာမန်မိသားစုမှာ မွေးဖွားခဲ့တယ်ဆို သော်ငြား လူတွေက သူမအား ဆိုးဆိုးဝါးဝါး မတွေးထင်ကြ ပေ။ သူမက လှရက်လွန်းတာကြောင့် ဖြစ်နိုင်ပါ၏.. ထိုအရာ က သူမရဲ့ဆိုးဝါးတဲ့အကျင့်တွေကို ဖုံးပေးထားနိုင်တာမျိုး။ လူတွေက သူမရဲ့အလှတရားကိုသာ မြင်ကြ၏။

အကယ်၍ တစ်ယောက်ယောက် လှပနေမယ်ဆိုရင် ဘယ်အရာနဲ့မဆို သူတို့က ကြည့်ကောင်းတတ်ကြသည်။ စု ယာယာ ဒီဝတ္ထုထဲ ဝိညာဉ်ကူးပြောင်းမလာခင်စဉ်က အစမ်း ဝတ်ကြည့်ခဲ့တုန်းကထက် ဒီတစ်ခါက ပိုကြည့်ကောင်းနေ သလို ခံစားမိသည်။ သူမ ဒါလေးကို ပို၍တောင် ရင်ထဲထိသွား ပြီ။

အရောင်းဝန်ထမ်းကလည်း သူမကို စည်းရုံးသိမ်းသွင်းလို့နေ၏။

"မစ်, ရှင်က ဒီဂါဝန်လေးနဲ့တအားလှတာပဲ.. ရှင်ကလေ ကျွန်မ မြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးပဲ.. ဒါလေးကို ရှင် ဝယ်သွားသင့်တယ်"

စုယာယာလည်း အမှန်ပင် ဝယ်ချင်မိပါသည်။ အရင်နဲ့ မတူတာက သူမမှာ အခု ပိုက်ဆံရှိနေပြီလေ။ ချန်ရှုံ့ချီက သူမ အတွက် ကဒ်တစ်ကဒ် ပြင်ဆင်ပေးထားတာမို့ သူမသာ လို ချင်ရင် ဝယ်လို့ရ၏။

"ဒါလေးက ဘယ်လောက်လဲ?"

စုယာယာ မေးလိုက်၏။

အရောင်းဝန်ထမ်းက ကတ်ပြားလေးကို တစ်ချက်ကြည့် လိုက်ပြီး ပြောသည်။

"သိပ် ဈေးမကြီးပါဘူးရှင်.. ယွမ် 5880 ပါရှင့်"

စုယာယာ ဈေးနှုန်းကြောင့် ဆွံ့အသွားမိ၏။

အတိတ်မှာတုန်းက သူမ လိုချင်ခဲ့တဲ့ ဂါဝန်လေးက ယွမ် 3880 သာလျှင်, သူမ လစာရဲ့တစ်ဝက်ပေါ့။ ဒါ့ကြောင့်မို့ပဲ သူမ မဝယ်နိုင်ခဲ့တာ။ သူက ဝိညာဉ်ကူးပြောင်းလာခဲ့ချိန်မှာ တော့ အရောင်, ဒီဇိုင်းတူတူ ဂါဝန်လေးက မျက်တောင်တစ် ခတ်မှာပင် ယွမ် 2000 ဈေးပိုများသွားခဲ့သည်။ သူမက ချမ်း သာနေပြီဖြစ်သော်လည်း စိတ်မချမ်းမသာတော့ ဖြစ်မိဆဲပဲ။

ဖြစ်နိုင်တာကတော့ သူမက အမြဲတမ်း ခြိုးခြံချွေတာ သုံးစွဲတတ်ခဲ့သူမို့ထင်ပါရဲ့။ အကြောင်းရင်းကတော့ သူမက သာမန်မိသားစုမှာပဲ မွေးဖွားကြီးပြင်းခဲ့ပြီး မိသားစုကို ထောက်ပံ့ဖို့ရန်အလို့ငှာ ပိုက်ဆံရဖို့ သူမ မိဘတွေက အလုပ် ကြိုးစားခဲ့ရတယ်ဆိုတာကို သိခဲ့တယ်။ သူမ ဘယ်သောအခါ ကမှ အဝတ်အစားလေးတစ်စုံ ဝယ်ဖို့အတွက်နဲ့ ဒီလောက် အများကြီးမသုံးခဲ့ဖူးပေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံဇနီးကညာWhere stories live. Discover now