Chp 1-5 (Uni)

816 31 2
                                    

အခန်း(၁)ဝိညာဉ်ကူးပြောင်းခြင်း -၁

ညက အတော်လေး ညဉ့်နက်ခဲ့သည်။ ပြီးတော့ အခန်း ပရိဘောဂတွေကိုလည်း လှပစွာဆင်ထားသည်။

စုယာယာ သူမ ဘယ်နေရာကို ရောက်နေခဲ့သလဲဆိုတာ ကို မဝေခွဲနိုင်လောက်အောင်ပင် သူမ အတော်လေး မူးဝေ နေခဲ့သည်။

မနေ့ညက သူတို့အတန်းဖော်သူငယ်ချင်းတွေ ပြန်လည် ဆုံစည်းပွဲရှိခဲ့၏။ ရောက်လာခဲ့ကြတဲ့သူတိုင်းက တစ်ယောက် နဲ့တစ်ယောက် နှစ်နဲ့ချီ မတွေ့ခဲ့ကြရတဲ့သူတွေ ဖြစ်ကြ၏။

စားသောက်ပြီးကျတော့ သူတို့ ကာရာအိုကေခန်းကို ဆက်သွားကြဖို့ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ရဲ့ အရင်အတန်း ခေါင်းဆောင်က ဂိမ်းကစားဖို့ လူစုသည်။

မနေ့ညကတော့ စုယာယာ အတော်လေးကို ကံ မကောင်းခဲ့ပေ။ ပွဲတော်တော်များများ ရှုံးခဲ့သည်။ ရလဒ် အနေနဲ့ကတော့ ပြစ်ဒဏ်အနေနဲ့ သူမ ဝိုင် ၅ခွက် ၆ခွက် လောက် သောက်လိုက်ရတာပါပဲ။

ဝိုင်လေး နည်းနည်းပါးပါး သောက်ပြီးတဲ့နောက်မှာတော့ သူမ လုံးဝမူးသွားခဲ့ပြီ။ ခေါင်းက ချာချာလည်နေခဲ့ပြီး အရာ အားလုံးကလည်း ဝေဝါးနေတော့သည်။ ဒါ့ကြောင့် လူတွေ ရဲ့မျက်နှာတွေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်,မခွဲ နိုင်တော့ကာ နောက်ဆုံးတော့ သူမ မူးမူးနဲ့လှဲချလိုက်ပြီး ကာရာအိုကေခန်းထဲက ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားတော့ သည်။

သူမ အဲလိုဖြစ်နေစဉ် သူမရဲ့ခန္ဓာကိုယ်က အကြိမ်ပေါင်း များစွာ လှိမ့်ချခံနေရသလို ခံစားနေရသည်။ သူမ တစ်ကိုယ် လုံးပေါ် လမ်းကြိတ်စက်ကြီးက လူးလှိမ့်နေသလိုမျိုးပဲ။ ပြီး တော့ သူမရဲ့ခန္ဓာကိုယ်က အရိုးတွေ တစစီပြုတ်ထွက်တော့ မလိုပဲ..။

စုယာယာ ရေငတ်လို့သေတော့မည့် ငါးတစ်ကောင်လို ပါးစပ်ကို ဖွင့်လိုက်သော်လည်း အကူအညီရဖို့ရာ အသံဖျော့ ဖျော့လေးတစ်ခုကိုသာ ထုတ်နိုင်ခဲ့၏။ ရုတ်တရက် အဖြူ ရောင်အလင်းတန်းတစ်ခု သူမ ခေါင်းထဲလက်သွားခဲ့ပေမယ့် ဘာတွေဖြစ်ပျက်နေခဲ့သလဲဆိုတာတော့ သူမ နားမလည်ခဲ့ ပါ။

သူမ ဘယ်လောက်တောင် အိပ်ပျော်နေခဲ့သလဲဆိုတာ ကိုလည်း မသိခဲ့ပေ။ ရေကျသံက စုယာယာကို အတော်လေး စိတ်အနှောင့်အယှက်ပေးနေ၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံဇနီးကညာWhere stories live. Discover now