ကိုယ်တော်ဘုရား..တပည့်တော်ကို ဘာလို့များဒီလိုလုပ်ရတာလဲဘုရား..? တပည့်တော်ခံစားရတဲ့ ဒုက္ခတွေ..မလုံလောက်သေးလို့လားဘုရား..? ဘာလို့လဲ..ဘာလို့လဲဘုရား..?
တခြားယောကျ်ားတစ်ယောက်အပေါ်မှာ ဘာလို့ဒီလိုခံစားချက်မျိုးဖြစ်လာရတာလဲ..? ယောကျ်ားတစ်ယောက်ကိုတဲ့..! ကိုယ့်ရဲ့ ကာယစိတ်ကုဆရာဝန်ကိုတဲ့..၊ ကိုယ်နဲ့နေ့တိုင်းတွေ့မြင်ရပြီးတော့..ကိုယ့်ခန္ဓာကိုယ်ကို သူ့လက်တွေနဲ့ထိတွေ့ကိုင်တွယ်ပြီးတော့.. ၊ ရိုးရိုးတန်းတန်း..တကိုယ်ရည်ကိစ္စတွေ..သာမာန်ကိစ္စလေးတွေကိုတောင်မှ မနည်းရုန်းကန်ပြီးလုပ်နေရတဲ့ ကိုယ့်ကိုမြင်နေရမယ့်လူတစ်ယောက်ကိုတဲ့..။ ဘာလို့များဒီလိုမျိုးခံစားရတာလဲကွာ..။
မနေ့က ဆရာဝန်နဲ့ တွေ့ဆုံမှုက အတော်လေးကျေးဇူးများခဲ့တယ်ဆိုရမည်..။ သူ့ရဲ့စိန်ခေါ်မှုကိုကျွန်တော်လက်ခံခဲ့သည်...။ နောက်တစ်ကြိမ် လမ်းပြန်လျှောက်နိုင်ဖို့ ကျွန်တော်ပြန်ကြိုးစားမည်ဟု သဘောတူခဲ့သည်...။ အဲ့ဒီလမ်းက လွယ်ကူမှာမဟုတ်ပေမယ့်..ဒုက္ခိတတစ်ယောက်အနေနဲ့ရှင်သန်ရတဲ့ဘဝက အဲ့ဒီကြွက်သားတွေ ပြန်လည်တည်ဆောက်တာထက် ပိုခက်ခဲသည်မဟုတ်လား..။ ဒါမှမဟုတ်..အဲ့ဒီလိုခံစားရလောက်အောင် ကံမခေသင့်တဲ့ ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေထက်လည်းအဲ့ဒီဘဝကပိုခက်ခဲတယ်မဟုတ်လား..။
မနေ့ညက ကျွန်တော်သူ့ကိုအိပ်မက်မက်ခဲ့သည်..။ ဒါဟာမဖြစ်သင့်မှန်းသိပေမယ့်..သူ့ကိုအိပ်မက်မမက်သင့်ပေမယ့် ကျွန်တော်မက်ခဲ့သည်..။ အဲ့ဒါက အိမ်မက်လေ..ကျွန်တော်ထိန်းချုပ်ဖို့မလွယ်တဲ့အရာတစ်ခု.. ဟုတ်တယ်မလား...? ကျွန်တော်တို့ တပ်ရင်း အိပ်ဆောင်ထဲမှာ အဲ့ဒီလူ..ဘလန်းန် လို့ကျွန်တော်စိတ်ထဲခံစားရတဲ့ လူတစ်ယောက်...အဲ့လူက.. ကျွန်တော်တို့အထဲက အငယ်တန်း ခြေမြန်တပ်သားလေးတစ်ယောက်ကို စကားနဲ့တောင်မပြောအပ်တဲ့ အရာတွေကိုလုပ်နေခဲ့သည်တဲ့...။ ကလေးက ဆယ့်ငါးနှစ်တောင်ကျော်သေးပုံမရ...။ ဒီလို သုံးဆယ်နားနီးနေတဲ့လူကြီးတစ်ယောက်ကို လက်ခံနိုင်ဖို့ဆိုတာ..။ အိုဘုရား..၊ ငါ အဲ့လိုလူအဖြစ်ပြောင်းသွားတော့မှာလား..? တွေ့ကရာလူကိုအရွေးအချယ်မရှိ အခွင့်အရေးယူပစ်လိုက်မယ့်..၊ ညစ်ပတ်တဲ့ မကောင်းမှုကြီးကိုကျူးလွန်တော့မယ့်လူတစ်ယောက်..ဖြစ်လာတော့မှာလား...? နိုး...၊ ကျေးဇူးပြုပြီး တပည့်တော်ကို အဲ့လိုမလုပ်ပါနဲ့ဘုရား..။
![](https://img.wattpad.com/cover/361936159-288-k24633.jpg)
YOU ARE READING
အချစ်နဲ့စစ် (ဘာသာပြန်) [Completed]
Romanceစစ်သူရဲကောင်းတစ်ယောက်..။ ကွဲကြေနေတဲ့လူတစ်ယောက်..။ လျှို့ဝှက်အချစ်တစ်ခု..။ ၁၉၄၀ ခုနှစ်ဝန်းကျင်.. ဒုတိယကမ္ဘာစစ်အတွင်းက ပေါက်ကွဲမှုအတွင်း တစ်ယောက်တည်းအသက်ရှင်ကျန်ခဲ့တဲ့ စစ်သားတစ်ယောက်နဲ့ ကာယစိတ်ကုထုံးဆရာဝန်တစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်း..။ လိင်တူချစ်ကြိ...