အပိုင်း (၁)

5.6K 278 7
                                    

အပိုင်း (၁)

"ဟာ့"

ဖန်းလင်းရုံသည် အလွန်ရယ်စရာကောင်းသည်ဟု ထင်သဖြင့် ရယ်သံစွက်လိုက်မိသော်လည်း ပျော်မနေပါချေ။

သူက အခုလေးတင် "အစစ်မှန်သခင်လေး" ဟု အမည်တပ်ထားသည့် စာအုပ်တစ်အုပ်ကို ဖတ်လိုက်မိပြီး ထိုစာအုပ်မှာ အလွန်ကို ရယ်ဖွယ်ရာကောင်းလေ၏။

စာအုပ်၏ အဓိကဇာတ်လိုက်မှာ တခြားကမ္ဘာမှ ဝိညာဥ်ကူးပြောင်းလာသူဖြစ်ပြီး system တစ်ခုချိတ်ထားခဲ့ကာ သူ(အဓိကဇာတ်လိုက်)၏ တာဝန်က အစစ်မှန်သခင်လေးတစ်ယောက် ဖြစ်လာရန်ပင်ဖြစ်သည်။

ဒါပေမယ့် အဓိကဇာတ်လိုက် ဝိညာဥ်ကူးပြောင်းသွားတဲ့ ခန္ဓာကိုယ်က ကျိုးလုလို့ခေါ်တဲ့ မွဲတေနေတဲ့ မိသားစုက ကလေးသွားဖြစ်နေ၏။ ဒီတော့ကာ ကျိုးလုသည် system၏ အကူညီဖြင့် ဖန်းလင်းရုံ၏ဘဝကို ခိုးယူဖို့ ကြံစည်ခဲ့လေသည်။ ဘာကြောင့်လဲဆိုတော့ ကျိုးမိသားစုက အရမ်းကို မွဲတေနေတဲ့အပြင် ကျိုးမိဘတွေက လောင်းကစားစွဲနေတာကြောင့် အကြွေးတွေကလည်း ပတ်လည်ဝိုင်းနေပါသေးတယ်။ ကျိုးလုက ဒီလိုမျိုးမိသားစုကို မလိုချင်ခဲ့ဘူး။

ဒါကြောင့် သူသည် သခင်လေးတစ်ယောက် ဖြစ်လာရန်မှာ သခင်လေးတစ်ယောက်၏နေရာအား ဝင်နေရန်ပင်ရှိသဖြင့် မွေးစထဲကပင် ကြံစည်နေခဲ့လေသည်။ သူက မွေးစထဲက လူကြီးအသိဉာဏ်ရှိနေတဲ့ ကလေးဖြစ်တာကြောင့် System ရဲ့အကူညီရဖို့ အမှတ်တွေ စုနေခဲ့ပေမယ့် အမှတ်တွေစုရန်မှာတကယ်တမ်းတော့ လွယ်ကူမနေ။

အထူးသဖြင့် အမှတ်တွေရဖို့က သခင်လေးတစ်ပါးလို ဆက်ဆံခံရဖို့နဲ့ လူတွေရဲ့ရင်ထဲကနေ သခင်လေးအဖြစ် အသိမှတ်ပြုခံရဖို့လည်း လိုသေးသောအခါတွင်ပင်။ သို့သော် ကျိုးလုပြောင်းလာသော မိသားစုတွင် ကျိုးမိဘနှစ်ပါးသာရှိပြီး ထိုနှစ်ယောက်တောင်မှ အကြွေးတွေကြောင့် ပြေးလွှားနေရလေရာ သူ့အား သခင်လေးအဖြစ် အသိမှတ်ပြုပေးနိုင်မည့်သူမှာ ရှိမနေ။ သို့ပေမယ့် ကံကောင်းသည်မှာ ကျိုးမိဘနှစ်ပါးအတွက်တော့ သူတို့သားလေးက သူတို့ရဲ့မင်းသားလေး(သခင်လေး)ပင်ဖြစ်၍ ကျိုးလုသည် လေးနှစ်အရွယ်တွင် အမှတ်အတော်တန် စုဆောင်းစုမိလာ၏။

ဒီသခင်လေးက ပြန်လည်မွေးဖွားလာပြီ ဒူးထောက်စမ်း! Where stories live. Discover now