အပိုင်း (၂)
သူသေဆုံးပြီးနောက်တွင် ဖန်းလုက ဖန်းလုပ်ငန်းစုကိုမရခဲ့ပေ။ ထို့အစား ဖန်းမိသားစုသည် ဖန်းလု၏ ချစ်သူကောင်လေးအား သူတို့က ဒီကျေးဇူးအတွက် ပြန်ဆပ်မှာဖြစ်သော်လည်း အဲဒါက ဖန်းလုပ်ငန်းစုတော့ မဟုတ်ကြောင်း ပြန်ပြောခဲ့၏။ ထို့နောက် အကြီးဆုံးအစ်မကြီးဖန်းက လုပ်ငန်းစုကို ဆက်ခံခဲ့လေသည်။
ကြည့်ရတာ ဖန်းလုက အတွက်မှားသွားတာပင်။ သူက ဖန်းလင်းရုံမရှိတော့တာနဲ့ ဖန်းလုပ်ငန်းစုကို ရမယ် ထင်ထားပေမယ့် ဖန်းလင်းရုံက တစ်ဦးတည်းသောသား မဟုတ်တာကို မေ့နေတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
တကယ်တော့ လင်းရုံသည် ဘေးစကားများနှင့် system ၏လှည့်ကွက်ငယ်လေးတွေကြောင့် ဖန်းမိသားစုအား သံသယကနေ အထင်လွဲသွားခြင်းသာဖြစ်ပြီး သူသည် မည်သို့ပင်ဖြစ်နေပါစေ ဖန်းလုပ်ငန်းစုသည် သူ့အတွက်သာဖြစ်လာမည်ပင်။ သားအရင်းကိုကျော်ပြီး မွေးစားသားကို ပေးလိမ့်မှာမဟုတ်ဘူး။ နောက်ဆုံး သူမကိုင်တွယ်နိုင်ပါက သူ့အစ်မကြီးများက ကူညီပေးလိမ့်မည်ဖြစ်ပြီး သူက ရလဒ်များကိုခံစားနေရုံနှင့် လုံလောက်လိမ့်မည်။ ဒါပေမယ့် သူလှည့်စားခံခဲ့ခဲ့ရတယ်။ ဘယ်လောက် အသည်းနာဖို့ကောင်းလိုက်လဲ။
ဖန်းလု၏ ချစ်သူကောင်လေးကမူ ဖန်းမိသားစု၏ တုန့်ပြန်ပုံကြောင့် သူဒေါသထွက်ခဲ့ပြီး သူက ဖန်းလုငန်းစုကို ပြန်ထိုးချချင်ခဲ့သော်လည်း နောက်ကျသွားပြီဖြစ်၏။
အကြီးဆုံးအစ်မဖန်းက အရည်ချင်းရှိပြီး ဦးဆောင်ရာမှာတော်ပေသည်။ တကယ်တော့ ဖန်းလင်းရုံသာ အရှုပ်တွေမလုပ်ခဲ့ရင် ဖန်းလုပ်ငန်းစုက ပြိုလဲစရာမရှိတဲ့တောင်ကြီးပါပဲ။ ဒါကြောင့် သူတို့သည် ကူညီအနည်းငယ်နှင့်ပင် ပြန်ထလာခဲ့ပြီး အချိန်ခဏလေးနှင့် ဖန်းလု၏ ချစ်သူကောင်လေးသည်ပင် ပြန်မဖြိုချနိုင်လောက်အောင် ပြန်ခိုင်မာလာခဲ့သည်။
ဒါပေမယ့်လည်း ဖန်းလုရဲ့အသည်းက ပုတ်နေလိမ့်မယ်လို့ ဘယ်သူထင်မလဲ။ သူသည် ဖန်းမိသားစုကို စိတ်နာကာ သူ့မူရင်းဘဝသို့ ပြန်ဖို့အတွက် စုထားခဲ့သည့် အမှတ်များစွာသုံးပြီးနောက် system ဖြင့် ဖန်းလုပ်ငန်းစုအား ဖြိုခွဲပစ်ခဲ့၏။ နောက်တော့ ဖန်းမိသားစုတစ်ခုလုံးကိုလည်း စိတ်ဓာတ်ကျပြီး သက်သေအောင်လုပ်ခဲ့သေးကာ ဒါကလည်း system ၏အကူတွေနှင့်ပင်ဖြစ်သည်။
YOU ARE READING
ဒီသခင်လေးက ပြန်လည်မွေးဖွားလာပြီ ဒူးထောက်စမ်း!