အပိုင်း (၄)

1.6K 215 14
                                    

အပိုင်း (၄)

ကျိုးရန်နှင့် စန်းယာသည် ည8နာရီနီးပါးမှ ပြန်ရောက်လာခဲ့ပြီး ဖြစ်ပျက်သွားသည်များကို မသိလိုက်ပေ။ သူတို့က အိမ်တံခါးကို သော့ခတ်ထားခဲ့ပြီး သော့ပျက်နေတဲ့ ဘေးက ပစ္စည်းအစုတ်တွေထားတဲ့ တွဲရက်အဖီအခန်းလေးထဲမှာပဲ  စောင့်နေရတဲ့ ကေလးငယ်ကို အားမနာတတ်ဟန်နဲ့ ပြန်ရောက်ရောက်ချင်းမှာ ပြောလာပါသေးတယ်။

"လုလေး ဗိုက်ဆာနေပြီလား အမေတို့နောက်ကျသွားလို့ တောင်းပန်ပါတယ် အခုပဲ တစ်ခုခုချက်ပေးမယ်နော်"တဲ့။

ဘယ်လောက်တောင် ရယ်ရလိုက်သလဲ။

သူတို့သည် သူ့အား တကယ် စိတ်ထဲမရှိခဲ့ပေ။ သူတို့သာ သူတကယ် ဆာလောင်နေမှာကို စိုးရိမ်ရင် ငါးနှစ်အရွယ်သာရှိသေးတဲ့ကလေးကို တစ်ယောက်ထဲမထားဘဲ အလုပ်ဆင်းတာနဲ့ အိမ်ကို စောစောပြန်လာခဲ့မှာပေါ့ မဟုတ်ဘူးလား။ သို့သော် လင်းရုံသည် ထိုသို့ရယ်ချင်စိတ်များကို မျက်နှာတွင် ထုတ်မပြခဲ့ပေ။ အဲဒီအစား သူက အရင်က မှတ်ဉာဏ်များအတိုင်းသာ အလိုက်ထိုက် ဟန်ဆောင်လိုက်ပါတယ်။

"သားက ဗိုက်မဆာပါဘူး အဒေါ်ရီက သားကိုပေါင်မုန့်ကျွေးတယ်"

ရီမိသားစုသည် သူတို့လမ်းထဲမှဖြစ်ပြီး ထိုမိသားစုတွင် လင်းရုန်နှင့်ရွယ်တူ မိန်းကလေးအမွှာလေးတွေရှိသည်။ သူတို့ရဲ့ခြံက ကျယ်တာကြောင့် ရပ်ကွက်ထဲက တခြားကလေးတွေနဲ့ လင်းရုန်က ခါတိုင်းဆို ရီအိမ်က အမွှာလေးနှစ်ယောက်နဲ့အတူ မူကြိုဆင်းတိုင်း အဲဒီမှာ သွားကစားလေ့ရှိပါတယ်။ အဒေါ်ရီကလည်း ညနေတိုင်း ကလေးတွေကို မုန့်ကျွေးလေ့ရှိတယ်။ ဒါကလည်း ပြီးခဲ့တဲ့တစ်နှစ်မှာ လင်းရုန်ဘာလို့ ဆိုးဆိုးဝါးဝါး အာရဟမချို့တဲ့ရသလဲဆိုတဲ့ အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။

စန်းယာသည် ဒါကိုကြားတော့ ပုံမှန်ပင်ဖြစ်သဖြင့် အများကြီးတွေးမနေပေ။ သူမက ထမင်းနဲ့ အရွက်ကြော်ကို မြန်မြန်ပြင်ဆင်လိုက်ပြီးနောက် ကလေးကိုညစာကျွေးကာ သူ့အခန်းထဲသူ လိုက်ပို့ပေးလိုက်ပေသည်။ ဘာလို့ဆို သူတို့က ကလေးနဲ့ အချိန်ကြာကြာ အတူတူ မရှိချင်တာကြောင့်လေ။

ဒီသခင်လေးက ပြန်လည်မွေးဖွားလာပြီ ဒူးထောက်စမ်း! Where stories live. Discover now