အပိုင်း (၃)
သူပြန်ရောက်လာခဲ့တာများလား။ သူ့ရဲ့ငယ်ဘဝကိုလေ!
လင်းရုန်မှာ ထိုအတွေးကြောင့် လန့်ဖြန့်သွားပြီး ထထိုင်လိုက်သော်လည်း သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် အလျှင်မြန် မထနိုင်ဖြစ်နေလေသည်။ ဒါ့ကြောင့် သူက ဝမ်းလျားမှောက်လိုက်ပြီးမှ ကုန်းထလိုက်ရချိန်တွင် သူ၏လက်ဖဝါးလေးများက အလွန်ပင်သေးငယ်နေကြောင်း တွေ့လိုက်ရ၏။ မဟုတ်ဘူး အဲတာက လက်ဖဝါးတွေတင်မဟုတ်ဘူး။
လက်ကောက်ဝတ်တွေ၊ လက်မောင်းတွေနဲ့ ခြေထောက်တွေရော ကုန်ကုန်ပြောရရင် သူ့ရဲ့တစ်ကိုယ်လုံးက အရမ်းသေးနေတယ်။
လင်းရုန်က ခနလေးတင်ရခဲ့သည့် လက်ဆက်နေသည့် မှတ်ဉာဏ်တွေနှင့် စပ်ဆက်တွေးကြည့်သောအခါတွင် သူက ငါးနှစ်အရွယ်သို့ ပြန်ရောက်လာခဲ့တာများလားဟု သံသယဝင်လာတော့လေသည်။ လု ဆိုတဲ့ကောင်က လေးနှစ်အရွယ်မှာကလေးချင်းလဲခဲ့ပြီး ကလေးချင်းလဲပြီး တစ်နှစ်အကြာဆိုရင် သူတို့တွေငါးနှစ်အရွယ်ဖြစ်နိုင်တယ်။
လင်းရုန်က ထိုအတွေးနှင့် တစ်ကိုယ်လုံးအား သေချာစစ်ဆေးတော့၏။ သူက မှန်ရှေ့သို့ ပြေးသွားကာ သူ့ခန္ဓာကိုယ်အား စစ်ဆေးခဲ့ပြီး သူ၏ ညီငယ်လေး(ဂျိုးဂျိုး)လေးကိုတောင်မှ စစ်ဆေးခဲ့သေးလေသည်။
အရမ်းကိုသေးတယ်။ သံသယဝင်စရာမရှိဘူး။ သူက ငါးနှစ်အရွယ်မှာပဲ။
ထပ်ပြီး ခုနက ကြားလိုက်ရသော အမျိုးသမီး၏အသံသည် ကျိုးစုံတွဲထဲက ကျိုးလု၏မိခင်ဖြစ်သူ စန်းယာဖြစ်နိုင်သည်။ မဟုတ်ဘူး အဲဒါက သူမပဲ။ လင်းရုန်က သူသိတတ်ချိန်ကစလို့ ဆယ့်ခြောက်နှစ်အထိ အမေလို့ ထင်မှတ်ခဲ့သည့် အမျိုးသမီးရဲ့အသံကိုတော့ မှတ်မိပါသေးတယ်။
သူက ပိုသေချာသွားအောင် အခန်းအပြင်သို့ထွက်ကြည့်လိုက်သေးပြီး အဲတာက ကျိုးရန်နှင့်စန်းယာ တကယ်အမှန်မှန်း အတည်ပြုနိုင်လိုက်ပေ၏။ ဒါပေမယ့် သူ့ရဲ့နောက်ဆုံး မှတ်ဉာဏ်ထဲကနဲ့ယှဥ်ရင်တော့ ဒီစုံတွဲက အတော်လေး ငယ်ရွယ်နေကြပါသေးတယ်။
လင်းရုန်မှာ မနေ့ညက ဖဲဝိုင်းတွင်ဘမည်သို့အရှုံးများခဲ့ကြောင်း ပြောဆိုနေကြသည့် လူနှစ်ယောက်ကို ခဏလောက်ကြာတဲ့ထိ ရပ်ကြည့်နေခဲ့ကာ သူက အခန်းထဲသို့ ပြန်ဝင်လာခဲ့လိုက်လေသည်။ သူမှတ်မိနေလို့တော့ မဟုတ်ပေမယ့် စာအုပ်ထဲက သိထားချက်အရ ဒီကျိုးစုံတွဲက ကျိုးလုမွေးလာအပြီးမှာ အကြွေးတွေနဲ့မလို့ ပတ်ပြေးနေရတဲ့ဘဝကနေ သူတို့သားရဲ့ဘဝကို ထိခိုက်လာမှာစိုးရိမ်တာကြောင့် တစ်နေရာရာမှာပဲ အခြေချနေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေါ့ သူတို့က အကြွေးရှင်တွေနဲ့ညှိခဲ့ပြီး အလုပ်ကိုယ်စီလုပ်ကာ ဖြေးဖြေးချင်း ဆပ်နေကြရတာပင်။
![](https://img.wattpad.com/cover/362085734-288-k7312.jpg)
YOU ARE READING
ဒီသခင်လေးက ပြန်လည်မွေးဖွားလာပြီ ဒူးထောက်စမ်း!