7.3(Final World)

646 33 1
                                    

သွားရမဲ့တည်နေရာကိုသိပြီဖြစ်တာကြောင့် ခွန်းလုံထွက်လာခဲ့သည်

ရောက်သည်နှင့် ဧည့်သည်များအတွက် စားဖို့လုပ်ထားပေးသည့် နေရာတွင်ကျကျနနထိုင်ကာစားလေတော့သည်

Uniral ထိုအနှီလူသားလေးကို တွေ့တိုင်း စိတ်ထဲအမျိုးအမည်မသိတဲ့ခံစားချက်ကိုရနေသော်လည်း တစ်စုံတစ်ခုက အဖုအထစ်ဖြစ်နေသည်

ကိုယ့်စိတ်ကိုနားမလည်စွာ သက်ပျင်းချမိသည်

ခွန်းလုံလဲ Kiki ကြောင့် ဇာတ်လိုက်အနားလာခဲ့သည် မုန့်ပန်းကန် ကလဲပါလာသေးသည်

"Hi Uniral ဖေဖေ့အစားလာတာပါ"

"‌ဟုတ်ကဲ့"

ထိုမျှသာပြောပြီးထွက်သွားတာကြောင့် ခွန်းလုံရင်ထဲမကောင်းပေ

'kiki ငါသူ့အပေါ်ဆေးဖျန်းလို့ရလား'

(မရပါ ဒါနဲ့ host ဒီ ကမ္ဘာမှာကျရှုံးရင် လူပြန်မဖြစ်တော့ပါဘူး)

'အင်းပါ ငါကြိုးစားရမှာပေါ့ Suzuka တောင်ရင်းနှီးတယ်လို့ခံစားရတယ် သူကျတော့'

(Kiki လဲမတတ်နိုင်ဘူး host ရယ်)

'အင်းပါ'

အရင်လိုရန်ဖြစ်စကားနိုင်လုခြင်းမရှိတော့တဲ့ host ကြောင့် Kiki ပင်ဝမ်းနည်းလာသည်

ပွဲပြီးတော့ ခြေမှိုင်လက်မှိုင်ချကာပြန်လာသည်

အိမ်မှာလဲ ဖေဖေကမရှိတာကြောင့် systemစနစ်နဲ့ Bluetooth နဲ့ဖုန်းကိုချိတ်ကာ Jungkook ရဲ့ Please don't change ကိုဖွင့်လိုက်သည်

"Lights on camera"

"Fast life stamina"

"Nowhere to hide on a satellite "

"Lights on camera "

စသည်ဖြင့်အစချီကာ သီချင်းကိုအော်ဆိုနေတော့ ဘေးမှkikiကပါ တူတူလာအော်လေရဲ့

"ကဲ next song"

(Savage love)

"Ok"

ထို့နောက်ဘီယာတွေရော စပိုင်တွေကော ဖောက်ကာ မူးနေတဲ့ host က အသဲကွဲနေတာပင်

TV ထဲကိုကြည့်ရင်းလိုက်ကကာ မူးနေတဲ့လူက  TVရှေ့က စားပွဲပေါ်တက်ပြီး ကနေလေရဲ့

kikiလဲ စားပွဲကိုသာ ခိုင်အောင်လုပ်ပေးလိုက်ရသည်

ထို့နောက်မူးပြီးမှောက်သွားတာကြောင့် kikiကပဲရှင်းပြီး သူ့ကို system စနစ်နဲ့ ကိုယ်လက်သန့်ရှင်းပေးပြီး အိပ်ယာထဲပို့ပေးလိုက်သည်

စောက်တစ်လွဲလုပ်မယ့် system(ေစာက္တစ္လြဲလုပ္မယ့္ system)Where stories live. Discover now