4.1

2.3K 167 8
                                    

သူလဲ ကျလာတဲ့မျက်ရည်တေကို မျက်လုံးမှိတ်ရင်းသာ ခံယူလိုက်သည်

*သူရေချိုးဖို့သွားတယ် ရေချိုးခန်းထဲမှာတစ်ကြိမ်ငိုတယ်

အဝတ်လဲတယ် အဝတ်လဲနေရင်းနဲ့ပင်တစ်ကြိမ်ငိုမိပြန်တယ်

အိပ်ယာဝင်တယ် အိပ်ယာထဲမှာလဲသူငိုမိပြန်တယ်

အကျယ်ရီးအော်ငိုချင်ပေမယ့်လဲ မအော်ငိုခဲ့ရဘူး

သူ့ဘဝရဲ့အခက်အခဲတေကို သူပဲသိပေလိမ့်မည်

ဘယ်သူ့ကိုချစ်ပြီး ဘယ်သူ့ကို စိတ်ပျက်ကြောက်ရွံ့မိနေလဲသူသိသည်

ထိုကျောင်းဆိုတဲ့နေရာကိုပင် မသွားချင်လောက်အောင်ပင်

သူဟာ ရည်မှန်းချက်ကြီးမားတယ် ဒါပေမယ့် ဖြစ်ခွင့်မပေးဘူး

သူဟာ လျစ်လျူရှုခံရတယ် သူဟာ စွန့်ပစ်အမှိုက်လို သူ့ကိုမလိုတဲ့အကြည့်တေကိုသူမုန်းတယ် ဒါတေတွေးမိတိုင်း ငိုပြန်တယ် မျက်ရည်လွယ်တာကိုသူမုန်းတယ် ဒါပေမယ့်သူကိုယ်တိုင်ကပင် ဖြစ်နေသည်

ဘက်လိုက်တဲ့လူတွေကြားနေရတာ အဆင်မပြေဖြစ်သည် ခွဲခြားတဲ့သူတေကြားနေရတာ ဂုဏ်တေနဲ့နေတဲ့လူတေကြား သူမနေချင်ပါ ဒါပေမယ့်သူရောက်နေသည် ဒီကျောင်းကပင်ပြောင်းချင်သည် ဒီဆရာမကိုယ်ပင် မကြည့်ချင်တော့ ကိုယ်ကပင်လေးလံနေပြီ

အရာအားလုံးကိုအော်ဟစ်ချင်လာသည် နောက်ဘဝပင် ကူးဖို့ကိုစောင့်နေသူဖြစ်နေသည် မြန်မြန်လဲအဆုံးသတ်ချင်လှသည် ရှုပ်ထွေးတဲ့နေရာမှာ သူကိုယ်တိုင်ပင် ရှုပ်ထွေးနေသေးသည်*

"ဟူး သူ့ note ထဲကဟာတေကလဲ သနားစရာပါလား"

ဇေမာန်ယောင်ပင် မျက်ရည်ကျကာ ဖွဖွလေးပြုံး၍ဆိုလာသည်

သူလဲကျောင်းဆိုတဲ့နေရာကိုမုန်းတယ် ဆရာမတေကိုမုန်းတယ် ခွဲခြားတာတေဘက်လိုက်တာတေကိုမုန်းတယ် ဒီကောင်လေးဘယ်လိုခံစားရမလဲ သူသိပါသည် ဒါ့ကြောင့် သူငိုမိသည်

{ဘက်လိုက်ခံရတဲ့ခံစားချက်ကြီးက ဆိုးရွားတယ် သိကြလား ကိုယ်တေတော့ အခုဖြစ်နေတာ😆}

နောက်ထက်ဆက်ဖတ်ကြည့်တော့

*ဆရာမတေက ဘက်လိုက်တယ်နော် ဆရာဆရာမသမီးတေသားတေဆိုရင် ချစ်လိုက်တာတုံရော တစ်ခြားလူတေက လူတေပါပဲ သူတို့မှာခံစားချက်ရှိတယ် ငိုတတ်တယ် ရီတတ်တယ် ပြောတတ်တယ် ဆရာဆရာမသားသမီးတေပဲ လူမဟုတ်တာသိစေချင်တယ်*

စောက်တစ်လွဲလုပ်မယ့် system(ေစာက္တစ္လြဲလုပ္မယ့္ system)Onde histórias criam vida. Descubra agora