part2

149 12 0
                                    

စံပယ်ဆောင်တဆောင်လုံးရောဆရာ စာပွဲပေါ်ပါရှင်းပီးသောအခါ သွေးငယ် ကို့ထိုင်ခုန်ပေါ်ကိုထိုင်ပီး ငြိမ်နေမိသည် အောင်အောင်ကိုကြည့်တော့လဲသူ့မျက်လုံးထဲတွင် အရိပ်အခြေမျှ မမြင်ပေ

"ဒီကောင်တော့ ဘယ်ပျောက်နေလဲမသိဘူးလာပါစေအုံး လာမှ နာရွက်ဆွဲပစ်မယ်..."

နာရွက်ဟုပြောမိသည်နှင့်သွေးငယ် မျက်နှာလှလှလေးဟာ မဲမှောင်သွားကာ မနက်က ဖေဖေ့​​ကြောင့် သွေးထွက်နေသော သူ့နာရွက်ကလေးအား ကိုင်မိလေသည်

"ဖေဖေ...ကျွန်တော်ဖေဖေ့သားအရင်းမှဟုတ်ပါရဲ့လား "

သွေးရောင်ရဲ့အပြုံးများဟာချက်ချင်း ပျောက်ကွယ်သွားမိသည် (ဖေဖေက ကျွန်တော့ကိုရွံသည်တဲ့လားကျွန်တော့ကိုလေ)

"ဟောသွေးငယ်ရယ်ဘာတွေများအလိုမကျဖစ်နေသလဲ စောနပြုံးနေတဲ့မျက်နှာလေးကငြိုးလို့ပါလား"

"ဘယ်သူ....အော် အောင်အောင်စုတ်
ဘယ်သဝေထိုးနေသလဲမင်း စောနမတွေ့တော့ဘူးမင်းကို"

"ဘယ်မှမဟုတ်ပါဘူးဗျာ သွေးငယ်မနက်စာမစားရသေးဘူးမလာ ကိုယ်ဝယ်လာတယ် ပါမုန့်နဲ့အချိုရည် ဒါနဲ့စောနမေးတာလေးဖြေပါအုံး ဘာဖစ်တာလဲဟင်မျက်နှာလေးက မဲမှောင်နေတာဘဲဗျာ"

"အတာ...."

"........."

"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းပျင်းလို့"

အောင်အောင်သဘောပေါက်လိုက်ပီလေ အိမ်မှာပြသနာတခုခုရှိခဲ့မှန်းကို သူမြတ်နိုးရသော လူသားလေးမျက်နှာ အနေထားကြည့်ယုံနဲ့တင် သူသိလိုက်ပီ အောင်အောင်ဆက်မမေးဖို့ဆုံးဖြတ်လိုက်သည်

"ဟုပပီဗျာ သွေးငယ် ကိုယ့်မိန်းမလေး ကိုယ်ဝယ်လာတာလေးတွေစားရအောင်လေ ရော့သွေးတွက်"

"အင်း.."

"ဟမ်....ဘာ...ဘယ်လိုခေါ်လိုက်တယ်"

"မိန်းမလေး"

"ဘာကွ အောင်အောင် မသာကြီး ဘယ်လိုခေါ်နေတာလဲ မေဘေးရ"

"ဟုတယ်လေဗျာ မိန်းမလေးလိုမဲ့နေလို့ မိန်းမလေး လို့ခေါ်တာလေ
အလှသွေးကြွယ်တဲ့ မြသွေးချယ်လေးရဲ့"

မောင်(သို့မဟုတ်)ရင်းနှီးဖူးခဲ့သောသူစိမ်းWhere stories live. Discover now