part-7

62 7 0
                                    

ငိုနေသောမြတ်နိုးရာလေးအားသူ့ကိုသူတောင်မသိလိုက်ပါဘဲပွေ့ဖတ်လိုက်မိသည်

"......သွေးငယ် ကိုယ့်ရင်ခွင်ထဲမှာငိုပါခနဖြစ်ဖြစ်သက်သာသွားအောင်လို့"

"အောင်...အောင်အောင် အီးးးးဟီးးးးး ငါပင်ပန်းလွန်းတယ်အိမ်မှာအမေ့ကိုမထားခဲ့ချင်ဘူးမင်းသိလားအောင်အောင် အမေကမသွားပါနဲ့တားတဲ့ကြားကနေ ငါထွက်လာခဲ့တာ "

ငါ့ကလေးလေးတအားပင်ပန်းခဲ့မှာဘဲ ငါ့ဆီကနေပြန်မထွက်သွားအောင်ငါစောင့်ရှောက်ပေးမယ်

"ဟုတ်ပါပီဗျာ သွေးငယ်စိတ်ကို ကိုယ်သိပါတယ် ကိုယ့်ရင်ခွင်ထဲမှာငိုဝအောင်ငိုနော် သွေးငယ် ပ​ီးရင် သွေးငယ်တစ်ခုခုစားဖို့ကိုယ်ပြင်ပေးမယ်"

"ဟင့်အင်းးးးငါ...ငါမဆာဘူးမစားချင်ဘူးအောင်အောင်ရာ"

"မရဘူးလေကွာ စားရမယ်တစ်ခုခုလုပ်ပေးမှာမို့ ကိုယ့်စေတနာကိုမငြင်းစေချင်ဘူးဗျာ"

မြတ်နိုးရာလူသားလေးအစာအငတ်ခံလို့ပိန်သွားရင်ဘယ်ဖြစ်မလဲ ဆာနေတာသိပါတယ်ဗျာ ကလေးငယ်ရာ ကိုယ်ကမင်းကြိုက်တက်တာလေးတွေပြင်ပေးမှာမို့ နည်းနည်းဖြစ်ဖြစ်စားပါဗျာ

"ငါသွေးငယ်ကိုချော့ဖို့မေ့နေတာဘဲ အားးးးဟုတ်တယ်ဟိုမိန်းမတွေကြောင့်ငါသွေးငယ်ကိုအော်မိထားတာ"

မောင့်ဆီကနေထွက်ပြေးသွားမဲ့အဖြစ်တော့မောင်မဖြစ်စေရဘူးသွေးငယ်ဟိုကောင်အောင်အောင်လက်ထဲလဲမပါစေရဘူး မောင်မိန်းမတွေနဲ့တွဲတယ်ဆိုတာအပျော်ပါကွာ သွေးငယ်ကို မောင်ယူဖို့ထိတွေးထားပီးသား မောင်လာချော့မှာစောင့်နေပါဗျာ မောင့်သွေးငယ်လေးရေ...

"ငါ သွေးငယ်အိမ်သွားရမယ်ဟုတယ်သွားချော့လိုက်အုံးမယ် သွေးငယ်ကြိုက်တက်တဲ့စတော်ဘယ်ရီအချို့ဝယ်သွားရမယ်"

လမ်းရောက်တော့စတော်ဘယ်ရီတွေရောင်းနေတဲ့အဒေါ်နားသွေးငယ်တွက်စတော်ဘယ်ရီသီးအချို့ဝယ်ကာသွေးငယ်အိမ်ဆီသို့ရောက်လာခဲ့သည်

"ဟို..ဦးလေး သွေးရောင်ချယ်ရောဗျ"

"မရှိဘူးထွက်သွားပြီအိမ်ကနေ"

မောင်(သို့မဟုတ်)ရင်းနှီးဖူးခဲ့သောသူစိမ်းWhere stories live. Discover now