အပိုင်း - ၃၀
Asvin ရောက်ရှိနေသည်က ဟန်နီနေထိုင်ရာကွန်ဒို။ ဟန်နီက သပ်သပ်ရပ်ရပ်နေတတ်သည့်အတွက် အခန်းရှိ ပစ္စည်းအားလုံးက သပ်သပ်ရပ်ရပ်။ ဒီအခန်းထဲမှာ ထူးခြားတာတစ်ခုရှိသည်။ ထိုအရာကတော့ အလှချိတ်ထားသမျှပုံတွေအားလုံးက Asvin နှင့်ဟန်နီတို့ အတူတကွတွဲရိုက်ထားသည့် ပုံများပင်။ ဟန်နီက Asvin အပေါ် လုပ်ဖော်ကိုင်ဖက်မိတ်ဆွေထက် ပိုနေတာ Asvin သေချာသိလိုက်ရပြီ။
Asvin က ဆံပင်ထဲလက်ထိုးဖွရင်း ဒူးထောက်ထိုင်နေသည့် ဟန်နီဆီ လျှောက်သွားလိုက်သည်။ ထို့နောက် ဟန်နီ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်လိုက်၏။
"အာ့.. အဟွတ်.. အဟွတ်"
"ဘာလို့လဲ.. ဘာလို့လုပ်ခဲ့ရတာလဲ ဟန်နီ"
"အဟွတ်.. အဟွတ်"
Asvin ကို စူးစိုက်ကြည့်ရင်း Asvin လက်တို့ကို ပြန်လည်ဆုပ်ကိုင်လာခဲ့သည့် ဟန်နီ၏ လက်များ။ Asvin က လက်ကို ခါထုတ်လိုက်ပြီး လည်ပင်းညှစ်ထားသည်ကို လွှတ်ပေးလိုက်သည်။
"အာ့.. အဟွတ်.. အဟွတ်"
"ဖြေဆေးပေး"
"မရှိ.. အဟွတ်... မရှိဘူး.. မရှိတော့ဘူး"
"ဘာ !!"
"ဟုတ်တယ်.. ဖြေဆေးမရှိတော့ဘူး Asvin"
Asvin ဒူးထောက်ထိုင်ချလိုက်သည်။
"ဖြေဆေးမရှိဘူး ဟုတ်လား ဟန်နီ.. ဘာလို့ ဖြေဆေးမရှိတာလဲ"
ဟန်နီက မဖြေပါ။ ခေါင်းငုံ့ထားသည်။
"မေနေတာ ဖြေစမ်း ဟန်နီ.. ငါ အဲ့လောက်စိတ်မရှည်ဘူးနော်"
"ဟန်နီ မလိမ်ဘူး Asvin... ဟန်နီဆီမှာ ဖြေဆေးမရှိတော့ဘူး"
"ဘာလို့လဲ .. ဘာလို့လဲ !!"
Asvin လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး အနားရှိ စားပွဲကို ထိုးချလိုက်သည်။ စားပွဲအခင်းက ဖန်သားဖြစ်သည့်အတွက် Asvin ၏ ရိုက်ချက်မှာ ထိုစားပွဲလေးက အစိတ်စိတ်အမွှာမွှာ။ Asvin လက်မှာလည်း သွေးတို့က ဖြာခနဲ။
"ခွမ်း"
"ဟင် !!"
ဟန်နီ မတ်တပ်ရပ်ပြီး Asvin ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။ သို့သော် Asvin က အထိမခံပါ။ ဟန်နီကို တွန်းပစ်လိုက်၏။
YOU ARE READING
ရင်၌ဖွဲ့သီဖြစ်တည်သည် (Completed)
Ficción General(+ Warning) အရာအားလုံးမရိုးသားခဲ့ရင်တောင် မင်းကိုချစ်တာကတော့ ရာနှုန်းပြည့်ရိုးသားခဲ့တာပါ...