Part 11

12.2K 373 16
                                    

အပိုင်း - ၁၁

ဝေဟင်ကအခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။ Black Eagle အိမ်တော်တစ်ခုလုံးကတော့ တာရာပြန်ပေးဆွဲခံရသည့်အတွက် ပွက်လောရိုက်နေလေသည်။ Black Eagle ၏ ဆက်ခံသူ ပြန်ပေးဆွဲခံလိုက်ရသည့်အတွက် အိမ်တော်တစ်ခုလုံး အငြိမ်မနေရ။ အားလုံးက လှုပ်လှုပ်ရှားရှား။ ဘယ်သူမှမနားရလောက်အောင် ပျားပန်းခတ်နေကြ၏။

ဝေဟင်ကတော့ ကိုကို့ကို အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့မိသည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိသည်။ အခန်းထဲ လမ်းလျှောက်ရင်း လက်နှစ်ဖက်ကိုဆုပ်ချေနေမိသည့် ဝေဟင်။ ဆံပင်တွေကိုထိုးဖွမိတာကလည်း အခါခါပင်။ စိတ်ရှုပ်လွန်းပြီး ငိုလိုက်ရယ်လိုက်နှင့် ဝေဟင်က ခုရက်ထဲ မြင်မြင်သမျှကိုလည်း စိတ်မကြည်နိုင်ပေ။

-ဒေါက် ဒေါက်-

တံခါးခေါက်သံကြောင့် ဝေဟင်သက်ပြင်းချရင်း အသံပြုလိုက်ရသည်။

"ဝင်ခဲ့ပါ"

ဝင်လာသူက ဝေဟင်၏ ပါပါး ရှိုင်း။

"ဝေဟင်.. သား"

ဝေဟင် မျက်ရည်သုတ်ရင်း ပါပါးကို ပြေးဖက်လိုက်မိသည်။

"တောင်းပန်ပါတယ် ပါပါး.. သားက ဒီလောက်တောင်အဖြစ်မရှိဘူးနဲ့တူတယ်.. ကိုကိုက.. သားကြောင့်..အင့်"

"သားကြောင့် မဟုတ်ပါဘူး ဝေဟင်ရယ်.. မငိုရဘူးလေ.. ခေါင်းတွေကိုက်တော့မှာပဲ"

"ဟင့်အင်း.. သားက ပေါ့လျော့မိတာ ပါပါး.. ကိုကိုသာတစ်ခုခုဖြစ်သွားရင်.. သားကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ပါပါး"

"တာရာက အဲ့လောက်မပျော့ညံ့ပါဘူး သားရယ်.. ပါပါးတို့က တာရာဘယ်လိုလူလဲဆိုတာသိနေတာပဲ"

ပါပါးက ဝေဟင်စိတ်ပြေဖို့သာ ပြောပေးနေဟန်။ ပါပါး၏ မျက်နှာပေါ်မှာလည်း စိုးရိမ်စိတ်တို့ကို အထင်းသားတွေ့နေရ၏။

"ကိုကိုက ဒါဏ်ရာကြီးနဲ့လေ ပါပါး"

"သိတာပေါ့.. သား ကိုကို့ကို ဘယ်လောက်ထိ စိတ်ပူနေလဲ ပါပါးသိတယ်.. ဒါပေမယ့် သား ခုလို မစားမသောက် မအိပ်ဘဲနေရင် သားပါ တစ်ခုခုဖြစ်သွားလိမ့်မယ်"

ရင်၌ဖွဲ့သီဖြစ်တည်သည် (Completed)Where stories live. Discover now