"သားရေ ထတော့လေ ကျောင်းသွားရတော့မယ်မလား"
"နဲ အိုမား"
"အွန်း ပြီးရင် အောက်ဆင်းလာနော်"
"နဲ နဲ"
ဆောင်းဟွန်း အသံစာစာလေးနဲ့အော်ပြောပြီး မြန်မြန်ပဲထကာ ရေသွားချိုးလိုက်သည်။
ဆောင်းဟွန်းသည်မနေ့ညက ဝတ္ထုတိုလေးတွေရေးတာများပြီး နောက်ကျမှအိပ်ပျော်သွားတာဖြစ်သည်။
ဒီနေ့က တက္ကသိုလ် ပထမဦးဆုံးတက်ရမဲ့နေ့ကို မေ့သွားတာဖြစ်လိမ့်မည်။ဆောင်းဟွန်းschool uniformလဲပြီး အောက်ထက်ကိုပြေးဆင်းလာသည်။
"သား ဆောင်ဟွန်းရှီး ဖြည်းဖြည်းဆင်းလာလို့ရပါတယ်ကွယ်"
ဆောင်းဟွန်းပြေးဆင်းလာတာမြင်သည့် ဆောင်းဟွန်းအိုမားက စိတ်ပူစွာနဲ့ပြောလာသည်။
"ဟီး"
သွားစွယ်ဖြူဖြူလေးနဲ့ ပြုံးလာသည့်ကောင်လေးသည်မိုးပေါ်က ကျလာသည့် နတ်သားလေးလား လို့တောင် အထင်မှားရသည်။ဆောင်းဟွန်းက တစ်ဦ်းတည်းသောသားမလို့ မိခင်၏ ချစ်ခြင်းကို အပြည့်အဝ ပိုင်ဆိုင်ထားရသည်။ဖခင်ကတော့ ဆောင်းဟွန်းငယ်ငယ်တည်းကcar accident နဲ့ဆုံးသွားတာဖြစ်သည်။
ဆောင်းဟွန်းကသူ၏အမေနဲ့ အချိန်ကြာကြာကြီးပြင်းလာခဲ့ပြီး ဘဝကို သားအမိနှစ်ယောက်တည်း
ဖြတ်သန်းလာခဲ့တာဖြစ်သည်။"ဒီမှာလာထိုင် သား ကြိုက်တဲ့ kimbapလုပ်ထားတယ်"
"ဝါးး တကယ်လား ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့တာကို"
ဆောင်းဟွန်း ပျော်သွားပြီး kimbapကို အားရပါးရ သာစားလိုက်သည်။တခြားကျောင်းသားတွေဆို breakfast ကို အိမ်မှာမစားပဲ ဆိုင်မှာထွက်စားကြတာဆိုပေမဲ့ ဆောင်းဟွန်းကတော့ တစ်ခါမှ အဲ့လိုထွက်မစားပေ။introventလဲမလို့ ကျောင်းမှာဆိုလဲ ချင်းဂု တစ်ယောက် နှစ်ယောက်ပဲထားတာဖြစ်သည်။
"ရော့ ရေသောက်လိုက်ဦး သား"
"နဲ ခဏနေပြီးရင် သွားတော့မယ်နော် အိုမား"
"ဟုတ်ပါပြီ ဂရုစိုက်သွားနော်"
"နဲ"
ဆောင်းဟွန်းစားသောက်ပြီး အပေါ်ထက်မှာရှိတဲ့ သူ့အခန်းလေးကို အပြေးပြန်သွားသည်။ပြီးတော့ စာအုပ်တစ်အုပ်ကိုလွယ်အိတ်ထဲ အမြန်ထည့်ပြီး လွယ်အိတ်ကိုလွယ်ကာ ဆင်းလာသည်။
YOU ARE READING
Secret Love ( Heehoon ft. jaywon )
RomanceNo matter how many obstacles , I will always love you<3