ပတ်ခ်ဆောင်းဟွန်းရဲ့another sideကိုမြင်ရမဲ့
အပိုင်းလေးလာပါပြီ~//////////////
ရဲတင်းစွာဝင်ပြောလာသည့် ဆောင်းဟွန်းကို
ဂျယ်မီက"မင်းကဘယ်သူလဲ"
"ဟား ဖုန်းထဲကလေသံနဲ့အကွာကြီးပါလားနော်"
"မင်းဘာတွေပြောနေတာလဲ တို့နားမလည်ဘူး"
ပန်းနုသွေးလုပ်ပြီး ပြောနေသူဂျယ်မီကို ဆောင်းဟွန်းက တစ်ချက်စွေကြည့်လိုက်ပြီး
"ခဗျားက ဟီဆွန်းဟျောင်းနဲ့စေ့စပ်မဲ့သူမဟုတ်လား"
"ဟုတ်တယ်လေ"
ဆောင်းဟွန်းကလက်ပိုက်ကာ သူ့ကိုကြည့်နေသည့် ဟီဆွန်းကိုပြန်ကြည့်ကာ
"ခဗျားကရော သူနဲ့အတူတူပဲလား"
ဟီဆွန်း သူ့ကိုဟျောင်းလို့မခေါ်ပဲ ခဗျားလို့ခေါ်ပုံထောက် တစ်ခုခုတော့လွဲနေပြီဟုထင်သည်။
"ဘာကိုလဲ ဆောင်းဟွန်း"
"ဂျယ်မီနဲ့ခံစားချက်အတူတူပဲလားလို့"
ဟီဆွန်း အဖြေကတော့ပြတ်သားပါသည်။
"အွန်း.."
"တွေ့လားဆောင်းဟွန်း မင်းကဘာတွေကိုသံသယရှိရှိနဲ့လိုက်မေးနေတာလဲ"
ဂျယ်မီက ဟီဆွန်းလက်မောင်းကိုချိတ်ဖို့အလုပ်..
"မတူဘူး"
ဂျယ်မီပြောပြီးပြီးချင်း ဟီဆွန်းကဖြေလိုက်ပြီး ဆောင်းဟွန်းဘက်တိုးသွားတာမို့
အကုန်လုံးမျက်လုံးပြူးကုန်ကြသည်။ဆောင်းဟွန်းကပဲအနိုင်ရသလိုလို မျက်စလေးပစ်ပြလိုက်ပြီး ဟီဆွန်းလက်မောင်းကိုချိတ်ကာ
"ခဗျားလည်းကြားလောက်မယ်ထင်တယ် ဂျယ်မီ"
ဆောင်းဟွန်းပြောပြီး ဟီဆွန်းကို"သွားရအောင်"လို့ပြောတဲ့အကြည့်နဲ့ အိမ်ပေါ်ထက်သွားဖို့လုပ်လိုက်သည်။(အတွေးတွေမမှောင်ကြသေးနဲ့အုံးနော် သဲလေးတို့)
ဒီကလေးကဂျယ်မီနဲ့ရန်သူတွေကိုး။ရန်သူတွေဆိုရင်တောင် ကိုယ်ကမင်းဘက်ကပါပဲ ဟွန်း..။
YOU ARE READING
Secret Love ( Heehoon ft. jaywon )
RomanceNo matter how many obstacles , I will always love you<3