ဆောင်းဟွန်းတစ်ယောက် ညစာစားပွဲအတွက်
စိတ်လှုပ်ရှားနေမိသည်။ကိုယ့်ကိုမဖိတ်ထားတဲ့ ညစာစားပွဲကို အဲ့ညစာစားပွဲရဲ့အဓိကလူက တိတ်တိတ်လေးခေါ်သွားမှာဆိုတော့ နည်းနည်း ရင်ခုန်စရာကောင်းမနေဘူးလား။
ဂျောင်ဝန်းကိုဖုန်းခေါ်လိုက်ဦးမယ်။
"ဟယ်လို ဂျောင်ဝန်း"
"အေး ပြော"
"မင်းဘာလုပ်နေလဲ"
"ငါတီဗွီကြည့်နေတာ ဘာမှလုပ်စရာမရှိလို့ပျင်းနေတာလည်းပါတယ်"
ဆောင်းဟွန်းတော့ တွက်ချေကိုက်ပြီဆိုပြီး တွေးလိုက်မိသည်။
"ငါမင်းကိုတစ်နေရာခေါ်သွားမလို့"
"ဘယ်နေရာလဲ"
"နေ့လယ်ကကျောင်းမှာငါသောင်းကျန်းပြီး ဟီဆွန်းဟျောင်းဆီရောက်သွားတာ ဟျောင်းက ဒီည၆နာရီ ညစာစားပွဲရှိတယ်တဲ့ အဲ့တာငါ့ကိုလာခေါ်မယ်ဆိုလို့ အဲ့တာ မင်းပါခေါ်မလို့"
"ဟမ် သူတို့ညစာစားပွဲကိုလေ? မင်းပါ့သာမင်းသွားစမ်းပါကွာ ဟီဆွန်းဟျောင်းတောင်ငါ့ကိုကြည့်လို့ရမှာမဟုတ်ဘူး"
"ဟီဆွန်းဟျောင်းမင်းကိုကြည့်လို့မရပေမဲ့
ဂျေးဟျောင်းတော့ရလောက်မှာပါ""အကောင်းပြောနေတာ မလိုက်တော့ဘူး"
"ငါပြောထားတာဟီဆွန်းဟျောင်းကခွင့်ပြုပါတယ်ဆိုနေ မင်းလိုက်ခဲ့ရမယ် ငါ့မှာအစီအစဉ်တွေအများကြီးမင်းကူညီပေးမှရမှာ"
"အွန်းအွန်း မင်းကိုပြောလည်းမနိုင်ဘူး လိုက်ခဲ့မယ်"
"အိုခေ ချစ်သယ်ရင်းလေး စောင့်နေနော် ပြင်ဆင်ထားနှင့်လိုက်"
ဆောင်းဟွန်း ပျော်ရွှင်စွာနဲ့ပဲ ဟီဆွန်းလာခေါ်မည့်အချိန်စောင့်နေလိုက်သည်။
>>>>>>>>
အိမ်ရှေ့သို့ကားအနီရောင်တစ်စီး ထိုးရပ်လာသည်။
"လာပြီထင်တယ် အိုမား! ကျွန်တော်သွားတော့မယ်နော်"
"ကောင်းကောင်းသွားနော် သူငယ်ချင်းတွေနဲ့ပျော်ခဲ့"
YOU ARE READING
Secret Love ( Heehoon ft. jaywon )
RomanceNo matter how many obstacles , I will always love you<3