" ကျိုးချန်း "
" ပြောပါ Sean "
" ဝမ်ရိပေါ်နောက်ကို စိတ်ချရတဲ့ ဘီတာနှစ်ယောက်လွတ်ထားပေးထားလိုက် "
" စိတ်ချပါ Sean "
ရှောင်းကျန့်ကျိုးချန်ကိုအမှာစကားပါးပြီးမှ အလုပ်ကိစ္စအတွက်စကားဆက်ပြောသည်။
" နောက်နှစ်ရက်နေရင် နယ်စပ်ဖက်ကရောက်လာမယ့်အဖြူတွေကို ဝယ်လက်ထဲတစ်ခါတည်းလွှဲပေးလိုက်ပါ "
" စိတ်ချပါ Sean "
" ဒါနဲ့ကျိုးချန် ဝမ်ချောင်းတို့အခုတစ်လောငြိမ်နေပါ့လား"
" ဟုတ်တယ် အခုတစ်လောဝမ်ချောင်းတို့အရမ်းငြိမ်နေကြတယ်။ ဘာတွေကြံနေတာလဲမသိဘူး "
" အင်း သူတို့ကိုနည်းနည်းသတိထားလိုက်။ အဲ့ကောင်တွေက ငါ့ကိုသတ်ဖို့ဆို ဘာမဆိုလုပ်မှာပဲ။ ဒါပေမယ့်ငါ့ကိုထိလို့မရတော့ ရရင်ရတဲ့နည်းနဲ့အကောက်ကြံနေကြမှာ "
" ဟုတ်တယ် Sean ။ ဒါနဲ့ ဝမ်ရိပေါ်ကိုရော စစ်ဆေးချက်အဖြေပြောလိုက်ပြီလား "
" အင်း သူထင်ထားတဲ့အတိုင်း Omega မလို့ပျော်နေတယ် "
" အော် ဒါနဲ့မင်းသူ့ကိုဘယ်လိုလုပ်ပေးမှာလဲ Sean. သူက Omega ဆိုတော့မကြာခင် Heat ဝင်လာမှာပဲလေ။ အဲ့ချိန်ကြရင် မင်းနဲ့အဆင်ပြေပါ့မလား။ ဘာပဲပြောပြောသူကမင်းရဲ့မွေးစားသားဆိုပေမယ့် သွေးသားတော်ဆက်မှုကမရှိတော့ pheromone တွေက ဆွဲဆောင်နေမှာပဲလေ။ ပြီးတော့ သူက Dominant Omega ဖြစ်သလိုမင်းကလည်း Dominant Alpha ဆိုတော့ ဘယ်လိုပဲရှောင်ရှောင်တစ်အိမ်ထဲနေနေကြရင် ငြိကြမှာပဲ "
ကျိုးချန်ရဲ့စကားကိုရှောင်းကျန့်ခေါင်းငြိမ့်ထောက်ခံသည်။ ဒီအကြောင်းအရာကို သူလည်းတွေးမိတာပဲ။ ဒါကြောင့် Omega ဖြစ်သူသဘောထားကိုမေးတဲ့အခါ Omega ဖြစ်သူကမှမရှောင်ချင်တာ။ ဒါကြောင့် Alpha ဖြစ်တဲ့သူကဘာလုပ်နိုင်မှာလဲ။
" ငါ သူ့ကိုအိမ်ခွဲနေချင်လားလို့မေးခဲ့တယ် "
" အဲ့ဒီတော့သူကဘာတဲ့လဲ "
" မနေချင်ဘူးတဲ့ "
" အဲ့ဒါဆိုမင်းဘာဆက်လုပ်မှာလဲ "
